Jenစကားဆုံးအောင်မပြောနိူင်တော့ ဘာလို့ဆိုတော့ Lisaက Jenကိုစိုက်ကြည့်ကာ မျက်ရည်တေကျနေတာကြောင့် ....လန့်သွားပီး Youngကိုအနိူင်လိုချင်လို့ပြောလိုက်တဲ့စကားတေက Lisaကို အဲ့လောက်ထိ ခံစားသွားရမယ်ဆိုတာ Jenမရိပ်မိလိုက်သလို Lisaချစ်တာကိုလည်း မယုံကြည်သေးတဲ့အတွက် ပြောလိုက်မိတာတေကLisaအတွက် .......

"သိ သိပါတယ် ပါး ကို သဲငယ် မချစ်မှန်းသိတယ် သဲငယ် ပါးဆီက စရောက်လာကတည်းက ပါး ကိုမချစ်မှန်းသိတယ် ဒါပေမယ့်ကွာ ပါး ကို အဲ့လောက်ထိမပြောသင့်ပါဘူး....ပါး အချစ်တေက အဲ့လောက်ထိပေါများမနေဘူး ...ပါး ပြန်တော့မယ် သဲငယ် ဆင်းလိုက်တော့နော်...."

Lisaကမျက်ရည်တေသုတ်ပီး Jenကိုပြောနေတာကြောင့် Jen အသိပြန်ဝင်လာကာ Lisaလက်ကို ကိုင်လိုက်ပေမယ့် Lisaကအကိုင်မခံတော့ပဲ...ကားစီယာတိုင်ကိုသာတင်းကျပ်နေအောင်ဆုတ်ကိုင်ထားရင်း...

"ဆင်းပါတော့ ပါးပါး အိမ်ပြန်မှ ဖြစ်မယ် Youngလေးစိတ်ပူနေတယ်..."

"မိအားနဲ ပါး ...သဲ သဲငယ် မရည်ရွယ်ပါဘူး..."

"ရပါတယ် Youngကို အနိူင်လိုချင်လို့ ပြောလိုက်တာမှန်း ပါးသိတယ် ..."

"တ တကယ်ပါ ပါးပါး ရယ် သဲ ငယ်...တောင်းပန်ပါတယ် စိတ်ထဲမပါပါဘူး..."

"တော်ပါတော့ ကားပေါ်က ဆင်းပါတော့...."

Jenလည်း Lisa စကားကြောင့် ဆက်မပြောတော့ပဲ ကားထဲကနေဆင်းပေးလိုက်တာနဲ့ Lisaကားလေးက သေနတ်က ပစ်လိုက်တဲ့ကျည်ဆန်လေးထွက်သွားသလိုပဲ မောင်းထွက်သွားတော့တယ်...Jenကတော့ ပြောမိတဲ့စကားတေအတွက်နောင်တရသွားသလို...Lisaမျက်ဝန်းထဲကနာကျင်မှုနဲ့အတူမျက်ရည်စတေကိုမြင်ပီး ရင်ဘတ်ထဲကနာကျင်နေရတာကိုတော့ Jenကိုယ်တိုင်သတိထားလိုက်မိသလို....တကယ်လည်းစိတ်ထဲမပါပဲ Youngက တားမယ်ဆိုတဲ့စကားကြောင့် စိတ်ပေါက်ကာ ပြောမိပီး Lisaခံစားချက်တေကို ထည့်မတွက်မိပေမယ့် Lisaကတော့....

ကားကိုJenရှေ့ကနေမောင်းထွက်လာပေမယ့် Jenတို့အိမ်အရိပ်ကနေ ကင်းတဲ့နေရာရောက်တော့ ကားကို လမ်းဘေးထိုးရပ်လိုက်ကာ စီယာတိုင်ကို ရိုက်ပုတ်ပီး...

"Wae...Wae...ဘာလို့ အဲ့လောက်ထိပြောရက်ရတာလည်း... ငါ့ ညီမကို အနိူင်ရချင်ရုံနဲ့....ငါ ကို မင်းက မချစ်ပဲ အစားထိုးရုံသတ်သတ်နဲ့ ငါ့ဆီကို ချဥ်းကပ်လာတာသိပေမယ့် ငါကတော့ မင်းကို စိတ်ရင်းအမှန်နဲ့ ချစ်ပေးခဲ့တာပါကွာ....ဘာလို့ ငါ့ခံစားချက်တေကို နည်းနည်းလေးမှ မမြင်ရတာလည်း ငါ့ အချစ်တေက မင်းအတွက် အရမ်းများ တန်ဖိုးမဲ့နေလား ပြောစမ်းပါ Kim Jennieရယ်...."(cry)

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now