*136* သူကတစ်ကယ်ရယ်ရတယ်

Start from the beginning
                                    

ယင်ထောင်ကလည်း တခစ်ခစ်ရယ်မောလာ၏။

ကျန်းမုကလည်း ယင်စန်စန်နားမှာ ပတ်ပျံနေရင်းနဲ့ ရယ်နေလေသည်။

ရန်ချိုးရွှမ်မှာ ရယ်လည်းရယ်ချင်သလို ကလေးအတွက်လည်း စိတ်မကောင်းဖြစ်မိသွားသည်။ သူမက ရုန်ယိရဲ့ပုခုံးကို ရိုက်လိုက်ပြီး စိတ်ဆိုးနေတဲ့ပုံလုပ်ပြီး ပြောလာသည်။
"စန်စန်လေးက နှင်းထဲနစ်နေတာတောင် မင်းက ရယ်နေနိုင်သေးတယ်လား.."

တစ်ကယ်တော့ အအေးဒဏ်ကနေကာကွယ်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကိုနွေးထွေးစေတဲ့ ဆေးလုံးတွေသောက်လို့ရပေမဲ့လည်း ရုန်ယိက ငြင်းပယ်ခဲ့လေသည်။ သူက ကလေးတွေက အရမ်းငယ်လွန်းသေးတယ်လို့ ထင်လေသည်။ အရမ်းဆိုးဝါးလွန်းတဲ့ရာသီဥတုအခြေအနေအောက်မှာ မဟုတ်ရင် သူတို့မှာ အလွန်အမင်းကာကွယ်ပေးမှုမျိုးမလိုအပ်ကြပေ။ ရာသီဥတုအပြောင်းအလဲတွေအပါအဝင် ဒီလောကကြီးမှာရှိသမျှအရာတိုင်းကို သူတို့ခံစားသင့်လေသည်။ မဟုတ်ရင် နှင်းရဲ့အေးစက်မှုကိုတောင်မှ သူတို့သိကြတော့မှာမဟုတ်ပေ။

ရုန်ယိမှာ ရယ်ရတာများလွန်းလို့ မျက်ရည်စတွေတောင်ထွက်လာတော့သည်။
"ဒါပေမဲ့ သူကအရမ်းရယ်ရတာလေ... ကလေးတွေအဖေ ခင်ဗျားရော အဲ့လိုမထင်ဖူးလား"

ယင်စန်စန်က မတ်တပ်ရပ်ဖို့ ရုန်းကန်နေပေမဲ့ မအောင်မြင်တာတွေ့တဲ့အခါ ယင်ကျင်းရဲ့လည်း ပြုံးလိုက်မိသည်။

ရုန်စုက ယင်စန်စန်ကို ထူပေးဖို့ ပြေးသွားမလို့ပေမဲ့ ရုန်ယိက သူ့ကို တားလိုက်သည်။
"သူ့ဘာသာသူ ထပါစေ.. ဒီလို အသေးအမွှားကိစ္စလေးတောင် မလုပ်နိုင်ရင်.. ငါနဲ့ကျင်းရဲ့ရဲ့ ကလေးဖြစ်ဖို့ မထိုက်တန်သေးဘူး"

ဒီစကားတွေက ယင်စန်စန်ကို လှုံ့ဆော်ပေးလိုက်လေသည်။ သူ့မှာ မတ်တပ်ရပ်နိုင်ဖို့အတွက် ရှိသမျှအားအကုန်သုံးပြီး ကိုယ်ကိုမတ်လိုက်သော်လည်း နောက်တစ်စက္ကန့်မှာဘဲ နှင်းတောထဲ ထပ်မံလဲကျသွားပြန်တော့သည်။

ထိုမြင်ကွင်းကြောင့် ရုန်ယိမှာ နောက်တစ်ကြိမ် ထပ်ရယ်မောမိသွားပြန်သည်။

သူ့ဖေဖေရဲ့ရယ်သံကို ကြားတဲ့အခါ ယင်စန်စန်မှာ သူ့ပါးစပ်ထဲကို ချိုလိမ်လေးထည့်လိုက်ပြီး ရုန်ယိကို မျက်လုံးလေးလှန်ကြည့်လာ၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now