“ကျုပ်.. ရင်းဆုယဲ့ ဘုရင့်ထံမှာ ရွှယ်ယို့ရှန်း၏ ‘ကံကြမ္မာကူးပြောင်းခြင်း’ အထူးအမိန့်ပြန်တမ်းကို အဆိုတင်သွင်းပါတယ်..!”

လူအများရောက်လာတာနဲ့ ရင်းဆုယဲ့က သူ့ရဲ့ရည်ရွယ်ချက်အမှန်ကို ဖော်ထုတ်လိုက်တယ်။

ထိုအထူးအမိန့်ပြန်တမ်းကို ပထမဆုံးလူသားဘုရင်က ပြဌာန်းခဲ့တာဖြစ်တယ်။ တစ်စုံတစ်ယောက်က ထိုအမိန့်ပြန်တမ်းကို အသက်သွင်းချင်ရင် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဘယ်လိုမျိုး တားဆီးနေပါစေ၊ ထိုအမိန့်ပြန်တမ်းက အသက်ဝင်လာလိမ့်မယ်။ လူအများရှေ့မှာ ဝန်ခံလိုက်တာနဲ့ လူသားဘုရင်ဖြစ်တဲ့ ဝမ်ပထျန်တောင် ထိုအမိန့်ပြန်တမ်းကို ဖိနှိပ်တားဆီးလို့ရမှာမဟုတ်ဘူး။ ထို့ကြောင့် ဝမ်ပထျန်အနေနဲ့ ထိုအမိန့်ပြန်တမ်းကို ငြင်းဆန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ခဲ့ဘူး။

“ကျွန်တော်သဘောမတူဘူး..!”

ရင်းဆုယဲ့ရဲ့ တောင်းဆိုချက်ကို တခြားလူတွေ မတုံ့ပြန်နိုင်ခင် ရွှယ်ယို့ရှန်းက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး သူ့ရဲ့ထင်မြင်ချက်ကို ဖော်ပြလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ရင်းဆုယဲ့ကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်တယ်။

ရင်းဆုယဲ့က ဝမ်ပထျန်နဲ့တိုက်ပွဲမှာ အသာစီးရနေတဲ့အချိန် အရာအားလုံးကို အဆုံးရှုံးခံပြီး ကိုယ့်ကိုယ်ကို အန္တရာယ်ကြားထဲ ဆွဲချပစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်သဘောတူပေးရမလဲ..?

ရင်းဆုယဲ့ ဘာအတွက်လုပ်နေတယ်၊ ဘယ်လောက်အထိ တွက်ချက်ထားခဲ့တယ်ဆိုတာကို သူသိနေခဲ့တယ်။ များပြားလှတဲ့ အကြံအစည်တွေ၊ အရာအားလုံးက သူ့(ရွှယ်ယို့ရှန်း)အတွက်ချည်းပဲ။ ရင်းဆုယဲ့ရဲ့စိတ်ရင်းကို ဒီတစ်ခေါက်တော့ လက်သင့်မခံနိုင်တော့ဘူး။

‘ကံကြမ္မာကူးပြောင်းခြင်း’ အထူးအမိန့်ပြန်တမ်း.. နာမည်က ထူးဆန်းဆန်းကြယ်​သလို အကြောင်းအရာတစ်ခုလုံးက သွေးလွှမ်းရက်စက်မှုတွေနဲ့ ပြည့်နှက်နေတယ်။ ‘ကူးပြောင်းခြင်း’ ဆိုတဲ့စကားလုံးက အသက်ပဲ။ အကြမ်းဖျင်းပြောရရင် လူတစ်ယောက်က ပြစ်မှုကျူးလွန်မိတဲ့အချိန်မျိုးမှာ တခြားအပြစ်မဲ့တဲ့လူတစ်ယောက်က အပြစ်သားအစား အပြစ်ခံယူဖို့ လိုလိုလားလား လက်ခံတဲ့အခြေအနေမျိုးပေါ့။ ၁၀ ယောက်မှာ တစ်ယောက်လောက်ပဲ အသက်ရှင်နိုင်တယ်။ အစားထိုးအပြစ်ခံယူတဲ့လူသာ အသက်ရှင်ကျန်ခဲ့ရင် အပြစ်လုပ်ခဲ့တဲ့လူလည်း သူ့ရဲ့အပြစ်တွေကို ဆေးကြောပြီးသား ဖြစ်သွားလိမ့်မယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now