"ဟုတ်ပါပီ ဒါနဲ့ ကိုယ့်ဆီကို ဘာလို့ဖုန်းဆက်ရတာလည်း..."

"သ တိ ရ လို့..."

သတိရလို့ဆိုတဲ့စကားကို Jenကတစ်လုံးချင်းဆွဲကာပြောလိုက်တာကြောင့် Lisaတဖက်ကနေပြုံးလိုက်ရင်း စိတ်ထဲကနေ...

*မင်းကအလာကြီးပဲ ကိုယ့်စိတ်ကိုဘယ်လောက်ဆွဲဆောင်ရမလည်းဆိုတာကိုမင်းကသိနေသလိုပ*

Lisaကဘာမှမဖြေပဲ ငြိမ်နေတာကြောင့်Jenက...

"ဟေး ယူ ဘာလို့ တိတ်သွားတာလည်း တို့ တကယ် ယူ့ကိုသတိရနေတာ...."

"အဟင်း ommပါ..."

"မရယ်နဲ့နော် တို့ တကယ်ပြောနေတာ ဘာလည်း ယူက တို့လိမ်နေတယ်ထင်နေတာလား..."

"အာ့ညီး မဟုတ်ပါဘူး..."

"မဟုတ်ရင်လည်းပီးရော ဒါနဲ့ ယူရော တို့ကိုသတိမရဘူးလား..."

Jenအမေးကြောင့်Lisaထပ်ရယ်လိုက်ကာ...

"အဟား ကိုယ်က မင်းကို ဘာလို့သတိရရမှာလည်း မင်းနဲ့ကိုယ်က ဘာမှ မှ မဆိုင်တာကို..."

"ဟာ ယူကကွာ အခုမဆိုင်ပေမယ့် နောက်တော့ဆိုင်လာမှာပေါ့ တို့မနေ့ညက ပြောပီးပီလေ ယူ့ကို စိတ်ဝင်စားလို့ပါဆိုနေ..."

"Omm....အဲ့တာကို ကိုယ်သိပါတယ် ဒါမယ့် ကိုယ်မှ မင်းကို စိတ်မဝင်စားတာ....."

"ရတယ် အခုစိတ်မဝင်စားလည်း နောက်တော့ ယူ တို့ကိုစိတ်ဝင်စားလာလိမ့်မယ်လို့ တို့ပြောရဲတယ်...."

"ဟား ဟား မင်းက ကိုယ့်ဘာသာတော့ တော်တော်အထင်ကြီးတာပဲကွ မင်းလည်းကိုယ့်Nicknameကို သိထားတာပဲ S m i l e
I c eလေ..."

''သိတယ် Smile iceကြီးနဲ့ လူတိုင်းကိုငြင်းခဲ့တဲ့ ရေခဲတုံးကြီးကို Kim Jennieက အရည်ပျော်အောင်လုပ်ပြမယ်စောင့်ကြည့်နေလိုက်..."

"အဲ့တာက မင်းကိစ္စလေ ကိုယ်အခုဖုန်းချတော့မယ် အစည်းအဝေးတက်စရာရှိသေးလို့ Bye..."

"Hey...ယူ...."

Jenပြောတာကို နားမထောင်ပဲLisaကဖုန်းချသွားတာကြောင့် Jenစိတ်တိုမယ့်အစားပြုံးလိုက်ကာ...

"အဟင်း ရှင်နဲ့ဖုန်းပြောရတာ ပျော်ဖို့ကောင်းသားပဲ...."

Jenက ဖုန်းကြီးကိုင်ကာပြုံးနေတာကြောင့် ဘေးကနေဝင်ထိုင်လိုက်တဲ့Ireneက...

🌼အချစ်ကိုသိချိန်🌼{Completed}Where stories live. Discover now