[ဒါဒါ - ကဲ..ကားဖြတ်သွားပါပြီ ><]

..

သို့ရာတွင် နောက်နေ့မနက်စောစော သူနိုးတဲ့အချိန် နေရောင်ခြည်အနည်းငယ်က အခန်းတွင်းကို ထိုးဖောက်ဝင်ရောက်လာကာ အိပ်ခန်းက လင်းထိန်နေကြောင်းသတိပြုမိသွားသည်။ ညက သူဘယ်လိုအိပ်ပျော်သွားမှန်းမသိတော့ပေ။ ကျင်ရွှင်က ထိုအချိန်ကခံစားချက်အရသာကို ပြန်တွေးတောလိုက်ရင်း ဒါက…အတော်လေးစိတ်လှုပ်ရှားဖို့ကောင်းမှန်း ခံစားမိသည်။

အနည်းဆုံးတော့ထိုအချိန်မှာ တစ်ကြိမ်ထက်ပိုလိမ့်မယ်လို့ သူတွေးမိသည်။

သူ့ခန္ဓာကိုယ်က သန့်ရှင်းနူးညံ့တဲ့အိပ်ရာထဲ နစ်မြုပ်နေပြီး ရှန်ရိကျင်းရနံ့စွဲထင်နေသေးသောစောင်ဖြင့် ရစ်ပတ်ခံထားရလျက် ကျင်ရွှင်က မထိန်းနိုင်ဘဲပြုံးနေမိသည်။

အားမာန်တက်ကြွတဲ့အငွေ့အသက်တို့ ပြီးဆုံးသွားကာ အခုထိုခံစားချက်ကို ပြန်တွေးတောရန်ခက်ခဲသော်ငြားလည်း “ဒါက သက်တောင့် သက်သာ ရှိတယ်”ဆိုတဲ့ စကားလုံးလေးလုံးဟာ ကျင်ရွှင့်စိတ်ထဲ နက်နက်ရှိုင်းရှိုင်းရောင်ပြန်ဟပ်နေသည်။

အတော်လေးခံစားလို့ကောင်းတယ်

ပြီးဆုံးပြီးနောက်-သက်ရောက်မှုအချို့ရှိပေမဲ့လည်း ကျင်ရွှင်က စောင်အောက်ရှိ သူ့ခြေထောက်တွေကို ဆန့်ထုတ်ရန်ကြိုးပမ်းလိုက်တော့ အချို့နေရာတွေကနေ မသက်မသာဖြစ်မှုအနည်းငယ်ကို ချက်ချင်းခံစားလိုက်ရ၏။

သူထရပ်လိုက်ချင်ပေမဲ့ ရှန်ရိကျင်းရဲ့အသံကို ရုတ်တရက် သူ့နားထဲမှာ ကြားလိုက်ရသည်__

“ရှောင်ရွှင် နိုးပြီလား?”

ကျင်ရွှင် : “…”

တစ်ဝက်ထထိုင်နေပြီဖြစ်တဲ့လူငယ်လေးက အလျင်အမြန်စောင်ထဲကို ပြန်လျှောဝင်လိုက်၏။

ကိုယ်လုံးဖြူဖြူလေးက ခေါင်းထက်မှာငွေရောင်ခြည်တို့ဖြာကျနေလျက် ရေပေါ်ကို ခုန်ထွက်လာတဲ့ငါးကြင်းဖြူလေးလိုပင်။ ရုတ်ခြည်း လွှားခနဲခုန်ထွက်လာပြီးနောက်မှာ ခပ်မြန်မြန်ပင် ကျယ်ဝန်းတဲ့အိပ်ရာခင်းအောက် ဝင်ပုန်းလိုက်၏။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now