အပိုင်း✨🍁(၉)

Start from the beginning
                                    

ဧကလေး ခေါင်းထဲတွင် အနည်းငယ် နောက်တောက်တောက်ဖြစ်နေသောကြောင့် မျက်ခုံးကိုကြုံ့လိုက်ပြီးနောက် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
တစ်ချက်၊နှစ်ချက်၊သုံးချက်မျှ မျက်တောင်ခတ်ပြီးနောက် အနည်းငယ်ကြည်ကြည်လင်လင်ဖြစ်လာသော အမြင်အာရုံတွင် ပထမဆုံးမြင်တွေ့လိုက်ရသည်က
ကိုယ့်ကိုစိုက်ကြည့်နေပါသော ပယင်းရောင်မျက်ဝန်းတစ်စုံကိုပင်။

*ဟင်....*
ဧကလေးမျက်ဝန်းပြာလေးများဝိုင်းစက်သွားရပြီး မျက်ဆံပြာလေးများက ဟိုဟိုဒီဒီရွေ့လျားသွားကာ အခြေအနေကို အမြန်အကဲခတ်လိုက်သည်။
ကံ့ကော်ပန်းနံ့များမွေးကြိုင်နေသဖြင့် သူ့အဆောင်ကို ပြန်ရောက်နေသည်ကတော့ သေချာသည်။

ဒါဆို ခုသူ့ရှေ့ကလူက ဘယ်သူလဲ...။
သူ့ကိုကြည့်နေသည့် ပယင်းရောင်မျက်ဝန်းများကိုမြင်ဖူးသလိုရှိနေပေမယ့် မမှတ်မိချင်။
ပြီးတော့ သူ့ရဲ့ယခုအခြေအနေကြီးက ထိုလူရဲ့ ရင်ခွင်အောက်ရောက်နေပြီး ထိုလူက သူ့ဘေးကို လက်တစ်ဖက်ထောက်ထားပြီး တစောင်းအနေအထားဖြင့် သူ့ကိုကြည့်နေသည်။
*ဒီအခြေအနေကဘာကြီးလဲ.....*
မျက်တောင်မခတ်တမ်းကြည့်နေသော ထိုလူရဲ့အကြည့်စူးစူးတွေအောက်တွင် ဧကလေးတစ်ကိုယ်လုံး ရှိန်းတိမ်းတိမ်းဖြစ်လာရပြီး သိသိသာသာ နှလုံးခုန်‌သံတွေပါမြန်လာသည်။ထို့ကြောင့် အခြေအနေကိုကြည့်ကာအသံကိုထိန်းပြောလိုက်သည်။

“အဟမ်း!..ခင်..ခင်ဗျားက ဘယ်သူလဲ...ဘယ်လိုလုပ် ကျွန်တော့်အိပ်ရာပေါ်ရောက်နေတာလဲ...ဖယ်..ခုဖယ်ပေး...ရုတ်ရုတ်ရုတ်ရုတ် လာမလုပ်နဲ့နော်....ပိုင်နက်ကျူးလွန်မှုနဲ့တရားဆွဲပစ်လိုက်မယ် ဘာမှတ်နေ....”

“အဟွန်း!....”
ဒဝီဦးခိုက် သဘောတကျရယ်လိုက်သည်။
တစ်ခုခုကိုစဉ်းစားနေပုံရသည့် မျက်ဝန်းပြာလေးများ ရွေ့လျားနေသည့်အချိန်ကတည်းက ဒဝီဦးခိုက် ပြုံးချင်သည့်စိတ်ကိုထိန်းထားခြင်းဖြစ်သည်။

“မောင်မင်းက ဘယ်လိုထင်လို့လဲ....”

“ဟမ်....ဘယ်ကမောင်မင်းတုန်း...ဒီမှာ ခင်ဗျားက ကျွန်တော့်အိပ်ရာပေါ်ရောက်နေတာလေ...ခုချက်ချင်းဖယ်....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now