သူတို့စကားပြောနေစဥ်မှာ ဟော်ချွီအကြည့်တွေသည် ချင်ကျန့်အပေါ်မှာပဲတဝဲလည်လည်ကျရောက်နေပုံမှာ ရန်သူရဲ့အဆင့်အတန်းအနေအထားကို စူးစမ်းလေ့လာအကဲဖြတ်နေသည့်အလား။

ချင်ကျန့်ကတော့ ယွီချင့်ဟွမ်မျက်လုံးများသူ့အပေါ်ကဖယ်ခွာသွားတာနှင့် ဟော်ချွီအားချက်ချင်းပဲတန်ပြန်စူးစိုက်ကြည့်နေ၏။ဟော်ချွီမှာလည်း သူ့အကြည့်များခုလိုဖော်ထုတ်ခံလိုက်ရခြင်းအပေါ် အပြစ်စိတ်ရှိသည်ဆိုတာကိုနည်းနည်းလေးတောင်မှ
မပြသပေ။သူဟာလည်းအလျှော့မပေးပဲ ချင်ကျန့်မျက်ဝန်းတွေထဲစေ့စေ့စိုက်ကြည့်နေသည်။

ငတုံးတယောက်ဖြစ်သူ ယွီချင့်ဟွမ်တယောက်သာ ယခုလက်ရှိလေထုအခြေအနေကိုနည်းနည်းလေးမှသတိမမူမိပေ။ဟော်ချွီအစာအိမ်ဖြစ်မှာစိုးရိမ်နေပြီး သူ့ဖုန်းထဲကနေ သင်တင့်လျောက်ပတ်သောစားသောက်ဆိုင်တခုကိိုအာရုံစူးစိုက်ရှာ‌ဖွေနေ၏။

ကံကောင်းထောက်မစွာဖြင့် အောက်ထပ်တွင် တသီးတသန့်ဆန်သောအိမ်စားသောက်ဆိုင်တခုရှိနေတာပင်။ထို့ကြောင့် ယွီချင့်ဟွမ်မှာ သူတို့တွေအားလုံးကို ထိုနေရာသို့ခေါ်ဆောင်သွားပြီး သီးသန့်ခန်းတခုကိုတောင်းဆိုလိုက်သည်။

ထိုင်ခုံနေရာရွေးချယ်ချိန်မှာ ဟော်ချွီမှာ 'လျင်မြန် ဖျတ်လတ် တိကျမှု' ဆိုတာကို တဖက်ကမ်းရောက်သည်အထိအစွမ်းကုန်အကောင်အထည်ဖော် တော့သည်။ ဘယ်သူမှတောင်ဘာမှမလုပ်ရသေးခင်မှာ ရှေ့သို့အပြေးအလွှားတက်သွားပြီး ယွီချင့်ဟွမ်ဘေးဖင်ထိုင်ချလိုက်၏။

ကုလားထိုင်ကိုဆွဲထုတ်ဖို့လုပ်နေရုံတင်ရှိသေးတဲ့ ချင်ကျန့်, "..."

ဒီနှေးကွေးလေးဖင့်သောနတ်ဆိုးလေးဟာ ကိုင်တွယ်ဖို့သိပ်မလွယ်ကူလှကြောင်း သူရုတ်တရက်ခံစားမိလိုက်သည်။သူ့ဟာမျက်မှောင်ကြုံ့လိုက်ရင်း ယွီချင့်ဟွမ်ရှေ့တည့်တည့်မှာဝင်ထိုင်လိုက်၏။

ဟော်ချွီမှာအမြဲလိုသူ့အားတွယ်ကပ်နေလေ့ရှိတာကြောင့် ယွီချင့်ဟွမ်မှာ တခုခုလွဲမှားနေတာကိုလုံးဝသတိမမူမိပေ။သူဟာ စားပွဲ‌ထောင့်တနေရာပေါ်မှာ စားပွဲထိုးလေးတင်ပေးထားသောမီနူးစာအုပ်ကို ချင်ကျန့်ထံကမ်းပေးလိုက်၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now