8 . လူရူးနှင့်လူမိုက်

20 4 0
                                    

ချမ်းမြေ့ သူငယ်ချင်းများနှင့် အချိန်ဖြုန်းသည်က နည်းသထက်နည်းလာသည်။ သူကအားလပ်ချိန်တိုင်းနီးပါးတွင် လွန်းနောင်၏အကစတူဒီယိုလေး၌ အချိန်ကုန်နေခဲ့၏ ။
ချမ်းမြေ့ထံတွင် အကသမားတစ်ဦး၏အခြေခံလည်းမရှိသော်လည်း
လွန်းနောင်ကဆရာကောင်းတစ်ယောက်ဖြစ်ပေသည်။

လပိုင်းအတွင်းချမ်းမြေ့က တန်ဂို၏စည်းစနစ်များကို ကောင်းစွာနားလည်သဘောပေါက်လာသည်နှင့်အမျှ ကကွက်များကချောမွေ့သွက်လက်လာသည် ။

မကဖြစ်သောနေ့ရက်များတွင် နှစ်ဦးသားကမြို့အနှံ့သို့အတူလျှောက်သွားတတ်ကြသေးသည်။
သူက တစ်နည်းနည်းဖြင့်ပျော်မွေ့နေခဲ့သည်။

တန်ဂိုကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည် သို့သော်လွန်းနောင်က ပို၍သေချာသောအကြောင်းပြချက်ပင်။

"မင်းတိုးတက်တာအရမ်းမြန်တာပဲ"
လွန်းနောင်ကချွေးသုတ်ရန် ပုဝါတစ်ထည်ကမ်းပေးရင်းမှပြောလာသည်။

"သင်ပေးတဲ့ ဆရာကတော်တာကိုး"

ချမ်းမြေ့ကချွေးသုတ်ပြီး သူ၏ပခုံးကို ကျော်လွန်နေပြီဖြစ်သည့် ဝါကြေုင်ကြောင်ဆံပင်များကို ရာဘာကွင်းသေးတစ်ကွင်းဖြင့် စုစည်းချည်နှောင်လိုက်သည်။

လွန်းနောင်က ရုတ်တရက်ရှေ့တိုးလာကာ သူ၏လက်တစ်ဖက်ကို လွန်းနောင်၏မျက်နှာအနီးသို့တိုးကပ်လာသည်။  ပုဝါကိုင်ထားသော ထိုလက်က ချမ်းမြေ့၏နားသယ်စမှ ချွေးစက်များကိုငြင်ငြင်သာသာဖိသုတ်ပေးလာချိန်  စိုထိုင်ထိုင်းရှိသောအေးမြမှုကိုခံစားလိုက်ရလေသည်။

စတူဒီယိုအတွင်းရှိ ဟောင်းနွမ်းသောလေအေးပေးစက်ထံမှ ထွက်ပေါ်နေသောအသံတဝှီဝှီနှင့်အတူ
ချမ်းမြေ့၏ အတွေးအာရုံများချာချာလည်သွားရကာ လွန်းနောင်ကသာဗဟိုဆုံချက်ဖြစ်လေ၏။

သူ့ပါးပြင်ပေါ်သို့ မတော်တဆလာရောက်ထိတွေ့နေသော လက်ချောင်းများ၏အအေးဓာတ်။

နီးကပ်နေသော တစ်ဖက်လူ၏မျက်နှာ အစိတ်အပိုင်းများက ထူးကဲစွာကြည်လင်ပြတ်သားနေသည်။ နေရောင်ခြည်နုနုထိတွေ့နေသည့် လှပသောမျက်တောင်စင်းလေးများက လိပ်ပြာတစ်ကောင် တောင်ပံခတ်ဘိသကဲ့သို့ ဖြေးညင်းစွာလှုပ်ရှားသွားသည်ကို ချမ်းမြေ့ မိန်းမောစွာငေးကြည့်နေခဲ့သည်။
သူထိုင်နေသောကြမ်းခင်းက တိမ်စိုင်ပေလော ပန်းခင်းပေလောဟု ထင်မှတ်မှားစပြုလာ၏။

လျော့ရဲရစ်နှောင်Dove le storie prendono vita. Scoprilo ora