6 . မင်းကိုပြီးပြည့်စုံစေမယ့်တွဲဖက်

8 3 0
                                    

ထိုနေ့နေရောင်ခြည်ကတောက်ပ၏။
ရာသီဥတုကလည်းသာယာ၏။
ဖြူဖွေးသည့်တိမ်စိုင်အဆုပ်အထွေးကြီးများကကောင်းကောင်ပြာနောက်ခံတွင် တောက်တောက်ပပလွင့်မြောနေကြသည်။

" အဲ့လိုကြီးကြည့်နေရင် မျက်စိတွေပြာပြီးခေါင်းကိုက်လိမ့်မယ် "

ကောင်းကင်ကိုတစိုက်မတ်မတ်စိုက်ကြည့်နေသောချမ်းမြေ့ကို လွန်းနောင်က ဖုန်းကြည့်နေရာကမော့မလာဘဲ လှမ်းသတိပေးသည်။

"အာ ဟုတ်ကဲ့ "

ချမ်းမြေ့လည်း မျက်တောင်အဖွင့်အပိတ်ခပ်ကြာကြာလုပ်လိုက်ရင်း လွန်းနောင်ကိုလှမ်းပြောသည်။

"အစ်ကိုလွန်းနောင်လည်း ဖုန်းဆက်ကြည့်နေရင်မျက်စိညောင်းမှာပေါ့ "

ထိုအခါ  လွန်းနောင်က ပျားရည်ပါသောနို့လက်ဖက်ရည်အေးကိုစုပ်သောက်နေခြင်းအား ခေတ္တရပ်လိုက်ပြီး  ဖုန်းကိုမပိတ်ချင်ပိတ်ချင်ပိတ်ကာ ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်ချေသည်။

လက်ရှိတွင် သူတို့နှစ်ဦးသားက ရေကန်ကျယ်တစ်ခုနံဘေးမှ လျှောက်လမ်းပေါ်ရှိခုံတန်းလျားပေါ်ထိုင်နေကြခြင်းဖြစ်သည်။ 

ယနေ့မနက်  ရုပ်ရှင်ရုံက sci-fi အမျိုးအစားရုပ်ရှင်ပြသမည်ဆို၍ ချမ်းမြေ့က လွန်းနောင်များကြိုက်လေမလားဟူသည့်မျှော်လင့်ချက်ဖြင့် အတူကြည့်ဖို့ဖိတ်လိုက်ရာ  တိုက်တိုက်ဆိုင်ဆိုင်လွန်းနောင်ကလည်းဤရုပ်ရှင်အတွက်လက်မှတ်ဖြတ်ထားတာဖြစ်၍ အတူကြည့်ဖြစ်သွားကြ၏။

ဤတစ်ကြိမ်နှင့် ဆိုပိတ်ရက်များတွင်သူတို့ရုပ်ရှင်အတူကြည့်ဖြစ်သည်မှာ လေး ငါး ကြိမ်ပင်ရှိပြီဖြစ်သည်။
အမြဲလိုလို ရုပ်ရှင်ရုံကအပြန်တွင် ဦးတည်ချက်မရှိဟိုဟိုဒီဒီလျှောက်သွားနေတတ်ကြပြီး မည်သူကမှအိမ်ပြန်ရန်အရင်စကားမစဘဲ ယောင်လည်လည်ဖြင့်တစ်နေကုန်သွားကြရသည်ကများသည်။
ကန်နံဘေးတွင် လူအတန်သင့်စည်ကားလျက်ရှိသည်။
ကလေးသူငယ်များက ဆော့ကစားပြေးလွှားသွားလိုက်
သက်ကြီးရွယ်အိုများက စကားတပြောပြောဖြတ်လျှောက်သွားလိုက်
လူငယ်စုံတွဲများက ဖြတ်သွားကြလိုက်နှင့်ရှိနေသော်လည်း
ချမ်းမြေ့နှင့်လွန်းနောင်တို့နှစ်ဦးက ခုံတန်းပေါ်တွင်တိတ်တဆိတ်သာ ထိုင်ရင်းရှိနေကြ၏။

လျော့ရဲရစ်နှောင်Where stories live. Discover now