5 - မိုးဖွဲ

Start from the beginning
                                    

လွန်းနောင်ကတန်ဂိုကခြင်းမှလွဲ၍ အထူးတလည်အားကစားလိုက်စားလေ့မရှိ။  သို့သော်လွန်းနောင်ရဲ့အားကို ချမ်းမြေ့ဘယ်တော့မျှမယှဥ်နိုင်ပေ။

ဒီခန္ဓာကိုယ်သေးသေးလေးကနေ အဲ့ဒီလောက်များတဲ့အားတွေဘယ်လိုထွက်လာတာပါလိမ့်...

ချမ်းမြေ့၏ဤသို့နှယ် တောင်စဥ်ရေမရ စီးမြောနေသောအတွေးယာဥ်က လက်ဖျောက်သံတစ်ခုကြောင့်ပျက်စီးသွားရသည်။

"မင်းငါ့ကိုတစ်နေ့လုံးထိုင်ကြည့်နေချင်ရင်  အပြင်သွားဖို့စီစဥ်ထားတာကိုဖျက်ပေးမယ်လေ "
လွန်းနောင်၏ပြုံးစိစိမျက်နှာပေးနှင့် ရွှင်မြူးသောအကြည့်အောက်တွင် ချမ်းမြေ့အယောင်ယောင်အမှားမှားဖြစ်လျက် ရေချိုးခန်းထဲသို့ အပြေးတစ်ပိုင်းဝင်လာခဲ့ရတော့သည်။
ရှက်ဖို့ကောင်းလိုက်တာချမ်းမြေ့ရေ...

----------------

ဘုရားသို့ရောက်သောအခါ နေ့လယ်ခင်းလူသူကျဲပါးနေချိန်ရောက်နေခဲ့ပြီ ဖြစ်သည်။
ပရဝုဏ်အတွင်းစံပယ်ပန်းမတွေ့သဖြင့် ချမ်းမြေ့စံပယ်ပန်းနှစ်ကုံး အဝယ်ထွက်ရလေသည်။ထုံးစံအတိုင်းလွန်းနောင်က အခေါက်ခေါက်အခါခါမလှုပ်ရှားချင်သူဖြစ်ရာ နေရစ်ခဲ့လေ၏။

စံပယ်ပန်း မတွေ့ရင် တခြားပန်းကပ်ပေါ့ ဟု လွန်းနောင်က အမြဲတစေပြောလေ့ရှိသည်။ သူကချမ်းမြေ့၏ အစွဲအလမ်းအား ပိုလွန်းသည်ဟု ယူဆသည်လေ။

ချမ်းမြေ့ပြန်လာချိန် လွန်းနောင်က မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသည်ကိုတွေ့လိုက်ရချေသည်။

လွန်းနောင်ကသူစောင့်နေခိုင်းထားသည့် ထောင့်တစ်နေရာတွင် ရပ်မြဲရပ်နေကာပြုံးရယ်လျက် စကားပြောနေသော်လည်း  တစ်ဖက်ရှိမိန်းကလေးဖြစ်သူကတော့မျက်စိမျက်နှာပျက်ယွင်းနေပြီး အချိန်မရွေးငိုချတော့မယောင်ရှိပြီး သူမ၏သေးသွယ်သောလက်မောင်းတစ်စုံက လွန်းနောင်၏လက်ကို အချိန်မရွေးလှမ်းဆွဲတော့မည့်ပုံ၊

ဒီမြင်ကွင်းအပေါ် ချမ်းမြေ့၏ခေါင်းစဥ်ကတော့ 
'လွန်းနောင်ရဲ့ မချစ်ဖူးတဲ့အချစ်ဟောင်းတွေထဲကတစ်ယောက်နဲ့လမ်းလယ်ခေါင်အမှတ်မထင်ပြန်လည်ဆုံတွေ့ခန်း'

လျော့ရဲရစ်နှောင်Where stories live. Discover now