4 - ဝေဒနာအစ

Start from the beginning
                                    

သို့သော်လည်း.. ချမ်းမြေ့ကသူ့ရဲ့ဝါဖျော့ဖျော့ဆံပင်ရှည်များကို နောက်လှန်သပ်တင်လိုက်ပြီး ကြည်လင်တောက်ပသော အပြုံးတစ်ပွင့်ကိုဖော်ပြလာခသည်။

မောဟိုက်နေဆဲဖြစ်၍ အသက်လုရှူရင်း သူ၏အင်္ကျီစွန်းကိုမတင်ကာ လည်ပင်းတစ်လျှောက်မှ ချွေးစက်များကိုသုတ်လိုက်ပြီး အချိုးကျကျစ်လစ်သော ယောကျာ်းပီသသည့် ခန္ဓာကိုယ်ကိုပင်ရက်ရောစွာပြသလိုက်သေးသည်။

" ဘယ်လိုလုပ်မလဲ ကိုယ်ဘောလုံးကိုဝင်အောင်မပစ်လိုက်နိုင်ဘူး မင်းတို့လေးတွေထဲကတစ်ယောက်ယောက်ကို ကိုယ်နဲ့ရုပ်ရှင်အတူကြည့်ဖို့ကမ်းလှမ်းပါရစေ "

" အားးးးး!!!! "
ဂျူနီယာငယ်လေးများ၏ အော်ဟစ်သံများကကွင်းပတ်ပတ်လည်တွင် ဆူညံသွားရချေသည်။

" ဒါပေမယ့်ကိုယ်ကဘယ်သူ့ကိုပါဆိုပြီးလက်ညှိုးထိုးရွေးလိုက်ရင် မင်းတို့အတွက်ဘယ်တရားမလဲ ဆိုတော့ကာ.."
ချမ်းမြေ့က ရေသန့်ဘူးကိုသောက်မည့်ဟန်ဖြင့်လက်လှမ်းရင်းက... ရုတ်တရက် ပစ်ထုတ်လိုက်၏။
" ဖမ်းလိုက် "
အသိပေးခြင်းမရှိဘဲ ကွင်းကိုကာရံထားသည့် သံစည်းရိုးများအပြင်ဘက်သို့ ပစ်မြှောက်ပေးလိုက်သောကြောင့် အားလုံးကကြောင်အနေခဲ့ပြီး အလုအယက်ဖမ်းဖို့ရာကိုမေ့လျော့သွားကြရချေသည်။

သူတို့သတိဝင်ချိန်မှာ ရေသန့်ဘူးကဘယ်သူ့လက်ထဲမှာရောက်နှင့်နေပြီလဲဆိုတာကိုသာ နှမြောတသနှင့်လိုက်လံရှာဖွေကြရတော့၏။

ရုတ်တရက်ဆိုသလို မိန်းကလေးတစ်ယောက်၏အံ့သြတကြီးအာမေဋိတ်သံတစ်ခုကြောင့် တစ်ကွင်းလုံးတိတ်ဆိတ်သွားပြီး အသံလာရာဘက်ကိုတစ်ပြိုင်နက်လှည့်ကြည့်လိုက်ကြရာ သူမနည်းတူအာမေဋိတ်သံများတစ်ယောက်တစ်ပေါက်ထွက်ပေါ်လာတော့သည်။

ချန်းမြေ့ကလည်း ကစားကွင်းထဲမှထွက်ကာ ထိုလူအုပ်နားလျှောက်သွားချိန် ရှက်သွေးဖျာနေကြသော ကောင်လေးကောင်မလေးများကသူ့ကိုလမ်းဖယ်ပေးကြသည်။
"ဘာများလဲဗျ ဘယ်လိုနတ်သမီးမျိုးများကိုယ့်ရဲ့ရေဘူးကိုအမှတ်မထင်လာကောက်မိသွား_ လို့ လဲ ဗျာ..."

လျော့ရဲရစ်နှောင်Where stories live. Discover now