3 - အထီးကျန်ရောဂါ

Comenzar desde el principio
                                    

မနေ့ညကအိပ်မက်တစ်ခုလိုပေ။
အချိန်အတော်ကြာ ကခုန်အပြီးမှာတော့ နှစ်ယောက်လုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ကြသည်။
သူတို့နှစ်ယောက်ဒီလိုမကဖြစ်တာဘယ်လောက်ကြာနေပြီလဲတောင်မမှတ်မိတော့ဘူး နှစ်တွေတော့ကြာသွားခဲ့ပြီလို့ထင်မိပေမဲ့ ဘယ်လောက်နှစ်အများကြီးလဲ
ဒါမှမဟုတ် အဲ့လောက်လည်းမကြာသေးတာဖြစ်နိုင်ပါတယ်။

လွန်းနောင်ရဲ့လက်က ချမ်းမြေ့ရဲ့ခါးတစ်ဝိုက်မှာပွေ့ဖက်ထားဆဲဖြစ်သည်။ ချမ်းမြေ့ဒီအနေအထားလေးအတိုင်းတည်မြဲနေလိုပြီးတစ်စက္ကန့်လေးတောင် နာရီလက်တံကိုဆက်လက်မရွေ့လျားစေချင်။
သို့ရာတွင် အချိန်ကမည်သူ့အတွက်များရပ်တန့်ပေးနေလိမ့်မည်နည်း။

သူ လွန်းနောင်ရဲ့ မျက်ခွံပေါ် နမ်းသည်သည်ဟုတောင်မဆိုနိုင်ရုံ ဖွဖွလေးသာထိတွေ့ခဲ့ပြီး မနက်စာဝယ်ရန်ထလာခဲ့သည်။

အိမ်ရှေ့ခန်းကတံခါးလော့ကျတဲ့အသံထွက်ပေါ်လာပြီးခဏအကြာတွင် အိပ်ယာထက်မှအိပ်မောကျနေဟန်တူသူ၏ မျက်လုံးအစုံကပွင့်ဟလာခဲ့သည်။

လွန်းနောင်ကသူ့ဘေးကနေရာလွတ်ကိုထိတွေ့ဖို့လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။ အနွေးဓာတ်ရိပ်ရိပ်ကိန်းဝပ်ဆဲဖြစ်သော ချမ်းမြေ့အိပ်စက်သွားရာနေရာကိုတင်းကြပ်စွာဆုပ်ကိုင်ရင်း ကိုယ်ကိုဘောလုံးတစ်လုံးလိုကွေးကျုံ့ထားပြီး တုန်ရီနေလျက်ပါပေ။

ဤသည်ကား မျက်ရည်စက်နှင့် ရှိုက်ငင်သံများမပါသော တိတ်တဆိတ် ငိုကြွေးခြင်းမည်၏။

..............

ချမ်းမြေ့ပြန်လာတဲ့အခါတံခါးဘဲတီးစရာမလိုတော့ပေ။
သူကသော့အပိုကိုယူလာခဲ့တယ်လေ။

မိုးစိုနေတဲ့ထီးကိုခေါက် တံခါးကိုဖွင့်ပြီးသူဝင်လာတဲ့အချိန်မြင်ကွင်းကတော့မမျှော်လင့်ထားခဲ့တဲ့အရာဖြစ်နေချေသည်။
လွန်းနောင်ကဆိုဖာပေါ်တွင် ဝိဥာဥ်မရှိတော့သူတစ်ယောက်ကဲ့သို့ အမူအယာဖြင့်ထိုင်နေပြီး  ညကလက်ကျန်ဝီစကီပုလင်းကလည်း ပုလင်းအောက်ခြေနှင့် ထိကပ်လုနီးပါးသာကျန်ရှိတော့၏။

ဘယ်လိုတောင်...သူသွားတဲ့အချိန်အတွင်းတစ်ထိုင်တည်းနဲ့အဲ့လောက်အများကြီးသောက်လိုက်တာလား...

လျော့ရဲရစ်နှောင်Donde viven las historias. Descúbrelo ahora