2 - နေပူသောနေ့တစ်ရက်

Start from the beginning
                                    

စပါတ်သက်မိချိန်ကတည်းကသတိထားမိပါလျက်မိုက်မိုက်ကန်းကန်းရှေ့ဆက်တိုးခဲ့သူကလည်းကိုယ်တိုင်ပေပဲမဟုတ်လား။

မနေ့ညကလည်း သူ့ကိုအအေးဝယ်ပြီးလာခဲ့ဖို့ပြောတယ်  သောက်နေကျတံဆိပ်ကိုရှာဝယ်မရလို့ဆိုတဲ့အကြောင်းပြချက်နဲ့။   

ချမ်းမြေ့ရောက်သွားချိန် သူ့နံဘေးမှာသူ့လက်မောင်းကိုတွယ်ချိတ်ထားတဲ့ အမျိုးသမီးတစ်ဦးရှိနေခဲ့တယ်
  
    သူအဲဒီအအေးကိုတကယ်သောက်ချင်စိတ်ဖြစ်နေလို့ပဲလား ချမ်းမြေ့ရဲ့မခံမရပ်နိုင်ဖြစ်နေတဲ့မျက်နှာကိုကြည့်ဖို့စိတ်ကူးရသွားလို့ပဲလားဆိုတာတော့ လွန်းနောင်ကိုယ်တိုင်အသိဆုံးပဲဖြစ်လိမ့်မယ်

အဲ့မိန်းကလေးလည်းသနားစရာပဲ လွန်းနောင်ရဲ့မျက်နှာလှလှလေးနဲ့အပြုအမူတွေကြောင့် လှည့်စားခံနေရတယ်
သနားစရာမိန်းကလေး...

  လွန်းနောင်လိုလူကြင်နာပြတာနဲ့ပဲ  သူမင်းကိုချစ်ပါတယ်လို့ထင်လိုက်ရင်မင်းယုံကြည်ချက်များလွန်းသွားတာပဲ။

အဲ့လိုလူဆီကမေတ္တာတွေရောင်ပြန်ဟပ်လာပါစေမျှော်လင့်နေတဲ့ ချမ်းမြေ့ကိုယ်တိုင်ကလည်းအရှုံးသမားဖြစ်မှန်းမသိဖြစ်နေတာပါပဲ။

အေးစက်နေတဲ့ရေနဲ့မျက်နှာကိုစိတ်တိုင်းကျဆေးကြောပြီးတဲ့အချိန်မှ  လန်းဆန်းမှုအနည်းငယ်ကိုခံစားလိုက်ရသည်။

ရှုံတွနေတဲ့နဖူးကြောတွေကိုပွတ်သပ်လိုက်ပြီး ညိုဖျော့ဖျော့နှုတ်ခမ်းပေါ်အပြုံးတစ်ခုသူဖန်တီးယူလိုက်သည်
လွန်းနောင်ရှေ့မှာ မကျေနပ်တာကိုဖော်ပြလို့မဖြစ်... လွန်းနောင်စိတ်လိုလက်ရမြင်ချင်တဲ့အချိန်ကလွဲရင်ပေါ့။

မဟုတ်ပါက လွန်းနောင်၏ဇယားအဖြစ်တစ်ရက်ပင်ခံမှာမဟုတ်ချေ။

ကပိုကရို ဆံပင်ဝါများကိုစိတ်ရှည်ရှည်ဖြီးသင်၊
ထို့နောက်ဆီလိမ်းကာသပ်သပ်ရပ်ရပ်ထုံးလိုက်ပြီး နားကွင်းအတန်းလိုက်နေရာတွင် ရိုးရိုးရှင်းရှင်းစတီးလုံးနားကပ်သေးသေးတွေပဲ​အစားထိုးတပ်ဆင်လိုက်သည်။

ဝတ်နေကျ ဘောင်းဘီအရှည်အတိုတွေအစား နီညိုရောင်ပုဆိုးအသစ်ကိုရွေးချယ်လိုက်ပြီး အဖြူရောင်စတစ်လက်ရှည်မှာဥဿဖရားကျောက်ကိုငွေကွပ်ထားတဲ့ကြယ်သီးအသေးလေးတပ်လိုက်အပြီးမှာတော့ ဒီနေ့အတွက်အဆင်သင့်ဖြစ်နေပြီပင်။

လျော့ရဲရစ်နှောင်Where stories live. Discover now