24hrs storeတဲ့ ဒီဆိုင်ကရင်းနှီးနေတာကြာပြီ တစ်ခါမှတော့မရောက်ဖူးဘူး ဝင်ကြည့်သင့်လား စီးကရက်လည်းကုန်တော့မှာပဲဟာ

ဆိုင်တစ်ဆိုင်ကျော်လာတိုင်းတွင် ကားတစ်ခါရပ်ဖို့စဥ်းစားနေခဲ့မိသော်လည်း လက်တွေ့တွင်မရပ်မိခဲ့။
 စိတ် ဂယောင်ခြောက်ခြားဖြစ်နေခဲ့ရုံသာ။

သော့ခတ်မထားသော ခြံဝန်းအတွင်းလူချည်းသပ်သပ်ဝင်လာခဲ့ချိန်တွင် ငွေဖြူရောင်လမင်းက ကောင်းကင်အလယ်တွင် မှိန်ဖျော့ဖျော့အလင်းပေးနေသည်။

ချမ်းမြေ့တစ်ယောက် ဖြူဖြူဖွေးဖွေးတံခါးတစ်ချပ်ရှေ့ ယောင်နနရပ်နေမိရင်း လူခေါ်ခေါင်းလောင်းလေးတစ်ခါနှိပ်ဖို့အရေးကိုပင် ကျားမြှီးဆွဲရမည်ကဲ့သို့ လက်ကတုန်နေမိလေသည်။

မင်းနှယ်အသုံးမကျလိုက်တာချမ်းမြေ့ရာ...

သွေးကြောထဲကအားအင်တွေအကုန်လုံး လက်ညှိုးထိပ်ဆီတွန်းပို့လိုက်စမ်း

ငါလုပ်နိုင်တယ်  ငါလုပ်နိုင်တယ်  ငါလုပ်...

လူခေါ်ခေါင်းလောင်းပေါ်ရှိ ဖုန်အလွှာပါးလေးက သူရှိခဲ့ဖူးသောနေရာထက်မှ လမ်းဖယ်ပေးရ၏။

တီ..
ကလစ်.. တံခါးလော့ပွင့်သွားခဲ့ပြီ။

" မင်းလို့ထင်သားပဲ"

ချမ်းမြေ့၏ လက်ဖျားခြေဖျားများရုတ်ချည်းအေးစက်သွားရသည်။

မင်းလို့ထင်သားပဲဆိုတာကဘာစကားလဲ
ဟိုင်း လို့ပြောသင့်လား ဟယ်လိုလို့ပြောသင့်လား

အရင်ဆုံးတစ်ဖက်လူရဲ့မျက်နှာကိုတော့တည့်တည့်ကြည့်သင့်တယ်ထင်တယ်...

မွေးနေ့တွင် ချစ်သူကောင်လေးနှင့်ချိန်းဆိုထားသည်အားဖျက်၍  ဤတံခါးရှေ့ရောက်လာရခြင်းအတွက် အပြစ်ရှိသလိုခံစားနေခဲ့ရသော်လည်း မျက်စိရှေ့ရှိ အိပ်မှုန်စုံမွှားမျက်နှာလှလှလေးကို တွေ့သောအခါ၌ အနည်းငယ်သောနောင်တများက ကြက်ပျောက်ငှက်ပျောက်ပါပေ။

ချမ်းမြေ့ ချမ်းမြေ့မင်းနှယ်လည်းအရှက်ဆိုတာလည်းနတ္ထိ...

"ဘာကြည့်နေတာလဲ ဝင်ခဲ့လေ"

လျော့ရဲရစ်နှောင်Where stories live. Discover now