part2ငါကကလေးမွေးလို့ရတယ်

101 8 0
                                    


ယွင်ရှခေါင်းတွေချာချာလည်အောင်မူးနောက်ပြီးနိုးလာလေသည်
"အား...ကျွတ်..ကျွတ်"
"host..နိုးလာပြီလားဗျ"
"ဟင် ငါးစုတ် မင်းကဒီအထိလိုက်လာလို့ရတယ်ပေါ့"
"ဟုတ် လိုက်လာလို့ရပါတယ်host
ပြီးတော့ကျတော့်နာမည်ကငါးစုတ်မဟုတ်ပါဘူး"
"အာ့ဆိုမင်းမှာနာမည်ရှိလို့လား"

"Syetemမှာနာမည်မရှိပါဘူးhost
Code NO.ဘဲရှိပါတယ်"
"ကျတော်ကတော့Code No.505ပါhost"
"ဒါဆိုမင်းကိုငါနာမည်ပေးလို့ရလား"
"ဟုတ်hostပေးချင်ရင်ပေးလို့ရပါတယ်"

"အွန်းဒါဆိုရင်မင်းကို......လန်ယွီလို့ပေးမယ်"

Syetemမှာသူ့hostရဲ့နာမည်ပေးကျွမ်းကျင်မှုကြောင့်ဆွံ့အသွားလေသည်
'ဒါကတကယ်ကြီး၁၅မိနစ်လောက်စဉ်းစားထားတယ့်နာမည်ပေါ့လေ'
သို့သော်စိတ်ထဲတွင်သာပြောရဲသည်အော်လို့လိပ်ပြာလွင့်တဲ့မသာမဖြစ်ချင်ဘူးမလား ထို့ကြောင့်
"ဟုတ်ကဲ့ပါ host"
"အခုကျတော်ဇာတ်ကောင်ရဲ့မှတ်ဥာဏ်ကိုပို့ပေးပါ့မယ်"
ထို့နောက်ယွင်ရှခေါင်းထဲတွင်စက်ရုပ်သံတစ်ခုပေါ်လာလေသည်
#မှတ်ဉာဏ်စတင်ပို့ဆောင်နေပါပြီ#
ယွင်ရှခေါင်းထဲကိုအတင်းတိုးဝင်လာသောမှတ်ဉာဏ်တွေကြောင့်ခေါင်းနည်းနည်းမူးသွားသည်
ထို့နောက်စက်ရုပ်အသံတစ်ခုထပ်ကြားလိုက်သည်
#မှတ်ဉာဏ်ပို့ဆောင်ခြင်းပြီးဆုံးပါပြီ#

Systemသူဂျင်းထည့်ထားတာကိုယွင်ရှသိတော့မယ်ဆိုတာသိလို့လစ်ပြေးဖို့ကြံလေသည်
"Host ကျ‌တော်updateတင်ရမှာမို့လို့တစ်ရက်လောက်hostနာမှာနေပေးနိုင်မှာမဟုတ်ပါဘူး"
"ဒါကြောင့်ကျတော်ရှင်းပြစရာတွေကိုရှင်းပြပါ့မယ်"
ယွင်ရှလည်းမှတ်ဉာဏ်တွေကိုစစ်ဆေးဖို့လုပ်နေရာမှ
"အင်း..အာ့ဆိုလည်းမြန်မြန်ရှင်းပြလေ..."
"ဟုတ်ကဲ့ပါhost"
"Host ကဒီကိုယ်နဲ့ဆက်လက်ရှင်သန်ဖို့အတွက်ဇာတ်လိုက်‌တွေဆီကမသေနိုင်သောခန္တာကိုယ်ကိုယူရမှာပါ"
"မသေနိုင်သောခန္တာကိုယ်ဆိုတာဘာလဲ"
"အဲ့တာကတော့ဇာတ်လိုက်တွေရဲ့အထူးစွမ်းရည်လို့ပြောလို့ရပါတယ်"
"ဇာတ်လိုက်ဆိုတာမြားအချောင်းတစ်ထောင်စိုက်ရင်တောင်မသေတဲ့မျိုးလေ"
"ပြီးတော့သေတော့မယ်ဆိုရင်တောင်ကယ်မယ့်လူတွေကအဆင်သင့်ပေါ်လာတာကိုပြောတာပါ"
"ဪ....ဆန်ကျော်လိုက်တာ"
"အခုလောလောဆယ်တော့hostရဲ့missionကတော့အဲ့တာပါဘဲ"
"Hostအပေါ်မူတည်ပြီးဇာတ်ကြောင်းပြောင်းနိုင်သလိုဇာတ်ကြောင်းပေါ်ကြည့်ပြီးhostရဲ့missionတွေကိုချပေးသွားမှာပါ"
"အဲ့missionတွေလုပ်တော့ငါကဘာရမှာလဲ"
"Missionတွေလုပ်ရင်pointတွေရပါမယ်
အဲ့pointတွေကိုတော့ကျတော်တို့ရဲ့system shopမှာပစ္စည်းများကို၀ယ်ယူလို့ရပါတယ်"
"Systemကပစ္စည်းတွေကအရည်အသွေးကောင်းမွန်တာကြောင့်hostယုံကြည်စိတ်ချလို့ရပါတယ်"
"Hostရဲ့ကိုယ်ရေးအချက်လက်တွေပြပါ့မယ်"
ထို့နောက်ယွင်ရှရှေ့တွင်မျက်နှာပြင်တစ်ခုပေါ်လာပြီးထိုပေါ်တွင်
အမည်..လုယွင်ရှ
အသက်..၁၈
လိင်...ကျား
ပြောင်းလဲထားသောလိင်...ကော
Point...3000
Systemမှပေးထားသောလက်ဆောင်…..
ရေခဲဓားတစ်ချောင်း၊အသက်ကယ်ဆေး၂လုံး၊ရွှေချောင်း၂၀၀၊သိုလှောင်လက်စွပ်တစ်ကွင်း
"ဝိုး.........systemကချမ်းသာလိုက်တာ"
"ဒါပေါ့ hostထပ်လိုချင်သေးရင်ရွှေချောင်း၂၀၀၀ကိုpoint100ထဲနဲ့ဝယ်ယူလို့ရပါတယ်"
"ဒါပေါ့ ဝယ်မှာပေါ့"
#ဝယ်ယူခြင်းအောင်မြင်ပါသည်
လက်ကျန်point2900#
ထို့နောက်ယွင်ရှရှေ့တွင်အနက်ရောင်လက်စွပ်ကလေးတစ်ခုပေါ်လာလေသည်
"ဒါကsystemကပေးတဲ့သိုလှောင်လက်စွပ်ပါ"
"ဒီထဲမှာရေခဲဓါး၊အသက်ကယ်ဆေး၂လုံး၊ရွှေချောင်း၂၂၀၀ကိုထည့်ပေးထားပါတယ်"
"ကောင်းပြီ"
ရှေ့မှာပေါ်လာတဲ့လက်စွမ်လေးကိုလက်သူကြွယ်မှာစွပ်လိုက်လေသည်
ထို့နောက်systemမှ
"အခုhostရဲ့ကိုယ်ထဲကိုအရင်ကိုယ်ရဲ့စွမ်းအားဖြစ်တဲ့ရေခဲစွမ်းအားအပြင်ကုသရေးစွမ်းအားပါထည့်ပေးထားပါတယ်"
"ကောင်းပြီ"
ထို့‌သို့ပြောပြီးsystemလည်းထွက်သွားတော့သည်
ယွင်ရှလည်းငါးစုတ်ထွက်သွားတဲ့အခါအရင်ကိုယ်ရဲ့မှတ်ဉာဏ်တွေကိုစစ်ဆေးကြည့်လိုက်သည်
အရင်ကိုယ်ဟာငယ်ငယ်ထဲကနူးနူးညံ့ညံ့သိမ့်သိမ်မွေ့မွေ့ကြီးပျင်းလာသူတစ်ယောက်ဖြစ်သည်
ဇာတ်လိုက်မကြောင့်သာမဟုတ်ရင်ဒီကိုယ်ဟာဗီလိန်ဖြစ်ခဲ့မှာမဟုတ်ပေ
ဇာတ်လိုက်မဟာဒီကိုယ်ရဲ့မျက်နှာကိုအသက်၁၀နှစ်‌ေလာက်တုန်းကဓားနဲ့ခြစ်ပစ်ခဲ့တယ်
ဒီကိုယ်ဟာအရမ်လှတာကြောင့်မနာလိုပြီးလူတောထဲမတိုးအောင်လုပ်ပစ်ခြင်းဖြစ်တယ်
ထို့ပြင်ဒီကိုယ်ဟာနေ့စဉ်နှင့်အမျှနှိပ်စက်ခံရသည်
အဘယ်ကြောင့်ဆိုသော်ဇာတ်လိုက်မရဲ့ချစ်သူဇာတ်လိုက်တစ်ဖြစ်လည်းချင်နိုင်ငံရဲ့အိမ်ရှေ့စံဟာဒီကိုယ်ရဲ့အဖိုးရှိကတည်းကစေ့စပ်ပေးထားခြင်းဖြစ်သည်
ဒီကိုယ်အသက်၁၈ပြည့်တာနဲ့လက်ထပ်ရမည်ဖြစ်သည်
ဒါကြောင့်ဇာတ်လိုက်မရဲ့အမျိုးမျိုးနှိပ်စက်တာကိုခံရတဲ့အပြင်ခင်ပွန်းရဲ့ချစ်သူဆိုတာကိုသိလိုက်ရတဲ့အခါဇာတ်လိုက်မအပေါ်မုန်းတီးပြီးဗိလန်ဇာတ်‌ေကာင်အဖြစ်ပြောင်းသွားခြင်းဖြစ်သည်
တကယ်တော့ဒီကိုယ်ဟာအရမ်းလှတဲ့လူဖြစ်သည်
မျက်နှာကဓားခြစ်ရာကြောင့်မျက်နှာဖုံးကိုအမြဲတပ်ဆင်ထားတာဖြစ်သည်
ဒါကိုဇာတ်လိုက်မကရုပ်ဆိုးလို့မျက်နှာအုပ်ထားတယ်လို့သတင်းလွှင့်လေသည်
ဒီကိုယ်ဟာဇာတ်လိုက်မနေ့တိုင်းနှိပ်စက်နေသော်လည်းပြန်မပြောရဲပေ
အဘယ်ကြောင့်ဆိုသော်ဇာတ်လိုက်မဟာလီအိမ်တော်၏ပထမဇနီးမှမွေးထားသောကြောင့်ဖြစ်သည်
သူကတော့ကိုယ်လုပ်‌ောတ်တစ်ယောက်မှမွေးထားခြင်းဖြစ်တာကြောင့်ပြန်ခံပြောလျှင်ကြိမ်ဒဏ်၁၀ချက်ဖြစ်သည်
တစ်ကယ်တော့သူ့အမေဟာချင်နိုင်ငံ၏မဟာမိတ်နိုင်ငံဖြစ်သောထန်နိုင်ငံမှမင်းသမီးတစ်ယောက်ဖြစ်လေသည်
တစ်နေ့မင်အင်ပါယာလက်အောက်ရှိကျိုးနိုင်ငံကိုစစ်ရှုံး၍သူ့အမေဟာထွက်ပြေးခဲ့ရသည်
ချင်နိုင်ငံဟာစစ်ကူရန်လာခဲ့သော်လည်းမမှီခဲ့ပေ
လမ်းတွင်တွေ့သောရွယ်မေ့ကိုသာကယ်တင်နိုင်ခဲ့သည်
ထို့ကြောင့်ချင်မင်းကြီးချင်လျိုဖန်းသည်
ရွှယ်မေ့ကိုချင်နိုင်ငံ၏စစ်သေနာပသိချုပ်ဖြစ်သောလီချန်နှင့်လက်ထက်စေခဲ့သည်
သို့သော်လီချန်တွင်ပထမဇနီးရှိသောကြောင့်ကိုယ်လုပ်တော်နေရာသာရခဲ့သည်
ထို့ကြောင့်ချင်မင်းကြီးသည်ဘိုးဘွားတွေရဲ့ဂတိအတိုင်းအကယ်၍ရွှယ်မေ့ကလေးရလာလို့အဲ့ဒီကလေးသည်ကော သို့ မိန်းမဖြစ်ခဲ့လျှင်အိမ်ရှေ့စံနှင့်လက်ထပ်ရမည်ဖြစ်ပြီးယောက်ကျားလေးဖြစ်ခဲ့လျှင်စစ်သူကြီးအဖြစ်လျာထားခံရမည်ဟုချွေးသိပ်ခဲ့သည်
ထို့ကြောင့်ရွှယ်မေ့၏သားကောတစ်ယောက်ဖြစ်သောသူသည်အိမ်ရှေ့စံနှင့်လက်ထပ်ရန်ဖြစ်လာခြင်းဖြစ်သည်
ကောတစ်ယောက်ဖြစ်ပြီးကလေးမွေးဖွားနိုင်နှုန်းမြင့်မားလေသည်

"wait .....wait
ငါကကလေးမွေးနိုင်တယ်လို့ပြောလိုက်တာလား!!!!!!!!"
"အား!!!!!!!!!!!!!"
"ငါ့ရဲ့ရွှေအိမ်မက်လေးတွေပျက်စီးကုန်ပါပြီ"
"အူးးးး...ဝါးးးးးးးးး"
################################################################

ယွင်ရှ:  စာရေးဆရာ ဗျို့စာရေးဆရာ...ခဗျားဒါဘယ်လိုလုပ်တာတုံးဗျ
စာရေးဆရာ:    အာ့ကျွန်တော်လုပ်တာမဟုတ်ဘူးဗျ systemလုပ်တာ

ယွင်ရှ:  ဘာ!!!!!!!!!......ဟိုငါးစုတ်လုပ်တာဟုတ်လားတွေ့မယ်
လန်ယွီ: အာ့ကျ‌တော်လုပ်တာမဟုတ်ဘူးနော်
စာရေးဆရာလုပ်တာ

စာရေးဆရာ:"....................."

လန်ယွီ=အပြာရောင်ငါး
################################

ဆန်းကြယ်သောကံကြမ္မာWhere stories live. Discover now