part1 ကူးပြောင်းခြင်း

156 13 0
                                    

"ဂါး........စိတ်ပျက်စရာဘဲ"
"စောက်သုံးမကျတဲ့ဇာတ်လမ်းကြီးပါလား
ဗိလိန်‌လေးကိုသနားလိုက်တာ"
'စဉ်းစားကြည့်လေဗျာသူ့ခမျာချစ်ရတဲ့သူနဲ့မရတဲ့အပြင်ချစ်တဲ့သူကကိုယ်တိုင်သူ့ကိုဓါးနဲ့ထိုးသတ်လိုက်တာလောက်ခံစားရခက်တာ
ရှိအုံးမလား
ပြောတာကျမယုံဘဲဇာတ်လိုက်မရဲ့မာယာတွေအောက်နစ်ဝင်နေတာကို
ဟိုကစိတ်နာပြီးလုပ်ကြံတာအပြစ်လား
ငါသာဆိုရင်တစ်စဆီဆွဲဖြဲပစ်လိုက်တယ်'

ယွင်ရှလည်းစာရေးဆရာရဲ့pageမှာမိုးမွန်အောင်ဆဲပြီးLatopပိတ်ကာအိပ်ဖို့ပြင်လိုက်တယ်
သူအိပ်ပျော်နေတုန်းသူ့ကိုယ်ပေါ်ကိုအဖြူရောင်အလင်းတန်းတစ်ခုကျရောက်လာတာကိုမသိဘဲနဲ့ပေါ့

ယွင်ရှတစ်‌ယောက်အပျင်းကြောတစ်ခုဆန့်ပြီးနိုးထလာခဲ့တယ်
"ဝှါး..............."
"နိုးလာပြီလားhost"
"အား......ငါး..ငါးကစကားပြောနေတယ်"
"မကြောက်ပါနဲ့hostကျွန်တော်ကရိုးရိုးငါးမဟုတ်ပါဘူး"
"ရိုးရိုးငါးမဟုတ်ဘူးဆိုတော့ ဆန်းဆန်းငါးလား"

"မနောက်ပါနဲ့hostကျွန်တော်ကhostရဲ့ဆုတောင်းကိုဖြည့်စည်းပေးဖို့လာတဲ့systemပါ"
"ငါ့ရဲ့ဆုတောင်း??????"
"ဟုတ်ပါတယ် hostမသေခင်တောင်းခဲ့တဲ့ဆုတောင်းကြောင့်ပါ"
"ငါကသေသွာပြီ!!!!!!!!!!!!"
"ဟုတ်ပါတယ်host"
Systemရဲ့သေသွားပြီဆိုတဲ့စကားကိုကြားမှသူဘေးပတ်ပတ်လည်ကိုကြည့်မိလိုက်တယ်
သူ့ကရေပြင်ကျယ်ကြီးတစ်ခုပေါ်မှာထိုင်နေတာဖြစ်တယ်
သူ့ပတ်ပတ်လည်မှာဗီရိုအကြီးကြီးတွေကလေပေါ်မှာမျောနေတယ်
အဲ့ထဲမှာလည်းပစ္စည်းတွေအများကြီးထည့်ထားလေသည်
ဓါးတွေပုဆိန်တွေမှကျင့်ကြံရေလောကသားတွေကိုင်တဲ့အရာမျိုးတွေမျိုးစုံရှိလေသည်
သူလိုက်ကြည့်နေရာမှသူ့ကိုယ်သူsystemလို့တကြော်ကြော်ပြောနေသောငါးပြာဘက်ကိုလှည့်လိုက်သည်
"ဒါနဲ့ ငါဘယ်လိုသေသွားတာလဲဟင်
ငါအိပ်နေတာမဟုတ်ဘူးလား"
"Hostသေပုံကိုပြောပြရမယ်ဆိုရင်တော့အာရုံကြောပြတ်၊မိုးကြိုးပစ်၊မီးလောင်ပြီးသေတာပါhost"
"ဘာ!!!!!!!!!!!"
"အမလေး!!!... hostရယ်ဖြေးဖြေးသက်သာအော်ပါလား
သေမလို့အသားကုန်အော်ရလား"
"အော်မှာပေါ့ကွ လေကွာဘယ်ကမိုးကြိုးကစ်တာရောမီးလောင်တာရောပါလာတာလဲ"
"အော်ဒါကဒီလိုရှိပါတယ်host"
"ပြောပါအူး ဘယ်ဟာကဘယ်လိုရှိတာလဲ"
"Hostတကယ်သေတာကအာရုံကြောပြတ်လို့ပါ"
"အော်....ဆက်ပြောပါဦးမိုးကြိုးပစ်တာနဲ့မီး‌ေလာင်တာကို"
"ပြောမှာပေါ့...တကယ်ဘဲစိတ်လေတယ်"
"အဲ့တာကhostသေပြီးတစ်အောင့်ကြာတော့မိုးရွာပြီးhostရဲ့အိမ်ကိုမိုးကြိုးပစ်ပြီးအိမ်ကမီးလောင်တာပါhost"
"ဟမ် မိုးရွာတယ် နွေခေါင်ခေါင်ကြီးကိုလေ"
"ဟုတ်ပါတယ်host ပြီးတော့မီးကhostရဲ့အိမ်ကိုဘဲလောင်တာပါ ရွာတဲ့မိုးကများ‌တော့
ကျန်တဲ့အိမ်တွေမလောင်သွားပါဘူး"
"ငါလေးကကံဆိုးလိုက်တာ ..ရွှတ်"
"ဒါနဲ့ငါကဒီကိုဘယ်လိုရောက်လာတာလဲ"
"ပြောပြီးပါပြီ host ရဲ့မသေခင်ကဆုတောင်းကြောင့်ပါ"
"ဟမ်.......ငါကဘာဆုတောင်းခဲ့လို့လဲ"
"Hostဆုတောင်းခဲ့တာကတော့ မောင်းမဆောင်ဆိုတဲ့ဆိုတဲ့ကျင့်ကြံရေးဝတ္ထုစာအုပ်
မှာဗီလိန်ဇာတ်ကောင်ဖြစ်ခဲ့လို့ရှိရင်ဇာတ်လိုက်ကိုဆွဲဖြဲမယ်လို့ပြောခဲ့ပါတယ်"
"ဘာ!!!!! အဲ့တာဆုတောင်းမှမဟုတ်တာ
သက်သက်မဲ့လျှောက်ပြောလိုက်တာလေ"

ဆန်းကြယ်သောကံကြမ္မာWhere stories live. Discover now