Part🌜31🌛

2.7K 214 14
                                    

နေရောင်ခြည် အလင်းတန်းလေး မှန်တံခါးကနေ ဖြာကျလာပေမဲ့ ငမူးလေးကတော့ အိပ်ကောင်းတုန်း

မွေ့ယာနဲ့ စောင်ပုံကြားထဲမှာ နစ်မြှုပ်နေတဲ့ သူမ လေးကချစ်စရာအတိ

အခန်းတံခါးပွင့်လာပြီး လူတစ်ယောက်ဝင်လာကာ ထိုပိစိလေးကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချ ခေါင်းကိုခါလိုက်ကာ

S-မမ မမ ထတော့လေ ကုမ္ပဏီသွားရအုံးမယ်မလား

Sooအော်ကြီးဟစ်ကျယ် နှိုးနေပေမဲ့ သူမလေးကတော့ တုပ်တုပ်မျှမလုပ်

Sooစိတ်မရှည်စွာနဲ့ သူမ ရဲ့ခြေထောင်ကို လှုပ်ခါလိုက်ရင်း နောက်တစ်ကြိမ်နှိုးနေလေရဲ့

S-မမ ထတော့လို့ နေမြင့်နေပြီနော်

ထိုအခါမှ သူမ လေးက အင်းအဲနဲ့ လူးလွန့်လာလေရဲ့

J-inn ခဏလေး အိပ်ချင်သေးတယ် ငါးမိနစ်ဘဲလေနော်

ပြောကာဆက်အိပ်နေတော့တယ်
Sooခေါင်းကိုကုပ်လိုက်ပြီး

S-ငါကအကြီးလား သူကအကြီးလားမသိတော့ပါဘူးတော်တော်ပြောရခက်ပါလား ဒါကြောင့် အစ်မက ထားခဲ့တာနေမှာ

J-ဘာမှမဟုတ်ဘူး liကငါ့ကိုသိပ်ချစ်တာ ငါဆိုးသမျှလဲခံတယ် ငါတစ်ခွန်းဆိုတစ်ခွန်းဘဲ နင့်လိုမဟုတ်ဘူး ပြီးတော့အများကြီးလဲဂရုစိုက်ပေးတယ်

စောနက အိပ်ချင်နေတဲ့ကောင်မလေးက ငေါက်ခနဲထကာ Sooကိုရန်တွေ့နေတာကြောင့် Sooမျက်လုံးပြူးလေးနဲ့ကြည့်နေလေရဲ့

သူ ပြောချင်ရာပြောပြီး မွေ့ယာပေါ်ပြန်လှဲချသွားတဲ့ သူမလေး မျက်နှာလေးကလဲ ငိုမဲ့မဲ့လေးဖြစ်နေပြီ

Sooတစ်ယောက် သူ့ မမ ကိုကြည့်ကာ ခေါင်းသာခါနေတော့တယ်

S-မမ ကိုတည်ငြိမ်ရင့်ကျက်တဲ့ အစ်မတစ်ယောက်လို့ ထင်ထားခဲ့တာ အခုတော့ တစ်ခြားစီပါလား အစ်မနဲ့ပြန်တွေ့လိုက်ရလို့ ကလေးဆန်သွားတာများလား ဟေ့ ဟေ့ မငိုလိုက်နဲ့နော် အစောကြီးရှိသေးတယ် ကျနော်က အစ်မli မဟုတ်ဘူး မချော့တက်ဘူးနော်

လွမ်းနေပါတယ်ဆို ဒီကလေးက တစ်မောက် လွမ်းတာတောင် ကောင်းကောင်းမလွမ်းရဘူး

မာန နှင့် ဂုဏ်သိက္ခာ (Completed)Where stories live. Discover now