part🌜1🌛

4.5K 243 6
                                    

ခန်းနားထည်ဝါလွန်းလှတဲ့ အိမ်ကြီး၏ အခန်းတစ်ခုရဲ့ပြတင်းတံခါးပေါက်တစ်ခုနားတွင် ကောင်မလေးတစ်ယောက် မိုးတိမ်မဲတွေ ကြီးစိုးနေတဲ့ ကောင်းကင်ယံကိုငေးကာ အတွေးများနဲ့ဆွေးနေလေသည်

ထိုစဉ်သူမရဲ့အခန်းတံခါးပွင့်သွားပြီး လူတစ်ယောက်ဝင်လာလေသည် ဒါကို သူမ ကတော့သိမည်မထင်

S-မမ ဘာတွေတွေးနေပြန်တာလဲ

ဝင်လာသူမှာ သူမရဲ့တစ်ဦးတည်းသောမောင်လေး
Kim jisooပင်ဖြစ်သည်

Sooရဲ့အသံကြားတော့ သူမကအနောက်ကိုလှည့်ကြည့်လာသည် နောက်ပြီးပါးပြင်ပေါ်ကအရာတွေကိုလက်‌ချောင်းလေးတွေနဲ့မသိမသာဆွဲသုတ်လိုက်ပြီးSooကို ပြုံးပြလိုက်သည်

J-မမ ဘာမှမတွေးပါဘူးSooရဲ့

JenစကားကိုSooကယုံဟန်မရှိ သူမရဲ့မျက်နှာ‌ကိုသေချာကြည့်ကာအကဲခပ်နေလေသည်

S-လိမ်တယ် မမ ဟိုတစ်ယောက်အကြောင်းတွေးနေတာမလား

အကဲခပ်တော်လွန်းတဲ့ sooဟာသူ့မမ လိမ်နေမှန်းရိပ်မိသွားလေသည်

J-အာ မဟုတ်ပါဘူးဆို ငါကဘာလို့သူ့အကြောင်းတွေးရမှာလဲ အချိန်တွေလဲကြာခဲ့ပြီ သူနဲ့ငါနဲ့ကလဲ ဘာမှမသက်ဆိုင်တော့တာ ငါက ဘာလို့လွမ်းနေရအုံးမှာလဲ

ထိုသို့ပြောပြီးပြတင်းပေါက်ဘက်ကိုပြန်လှည့်သွားတဲ့သူ့အစ်မကိုကြည့်ကာ Sooတစ်ယောက် ခေါင်းကိုသာ အတွင်တွင်ခါရမ်းနေတော့သည်

❄️လွမ်းတယ် အရမ်းလွမ်းနေတာ ငါအခုချိန်ထိနင့်ကိုချစ်နေတာကိုဝန်မခံရဲသေးဘူး ငါကသိပ်ကိုမုန်းစရာကောင်းတယ်မလား နင်ရောဘယ်တွေရောက်ပြီးဘာတွေလုပ်နေမလဲ အပုန်းကောင်း‌လိုက်တာ ငါနင့်ကိုဘယ်လောက်ဘဲရှာရှာ လုံးဝမတွေ့ဘူး ငါမသိနိုင်တဲ့တစ်နေရာမှာ ငါ့ကိုမုန်းတဲ့စိတ်တွေနဲ့အသက်ဆက်ရှင်သန်နေမယ်လို့ပြောခဲ့တဲ့နင်က တကယ်ဘဲကောင်းကောင်းရှင်သန်နေမယ်ဆိုတာငါယုံတယ် နေနိုင်လိုက်တာလို့မပြောတော့ပါဘူး အဲ့လိုဖြစ်အောင်လဲ ငါကိုယ်တိုင်ဖန်တီးခဲ့တာလေ နောင်တဆိုတာမျိုးကိုမလိုချင်လို့ဒီလမ်းကိုရွေးခဲ့ပြီးမှ အခုတော့အဲ့ဒီနောင်တတွေကို ငါခါးစည်းခံနေရတယ်လို့ပြောရင် နင်ဟားတိုက်ရယ်နေမလားဘဲ❄️

မာန နှင့် ဂုဏ်သိက္ခာ (Completed)Where stories live. Discover now