စွမ်းအားလှိုင်းက တဖြည်းဖြည်း လွင့်ပျယ်သွားခဲ့သလို ဖုန်မှုန့်တွေလည်း ပျောက်ကွယ်သွားလေပြီ။ ထိုအချိန်မှသာ သူတို့နှစ်ယောက် မတ်တပ်ရပ်နေတဲ့နေရာက မြေကျင်းတစ်ခုဖြစ်သွားတာကို ရွှယ်ယို့ရှန်း မြင်လိုက်ရတယ်။

မြေကျင်းရဲ့အလယ်မှာ ရင်းဆုယဲ့က သတ်ဖြတ်လိုစိတ်တွေနဲ့ မားမားမတ်မတ် မတ်တပ်ရပ်နေလေတယ်။ သူ့ရဲ့ ရွှေရောင်ဆံပင်နဲ့ အဝတ်အစားတွေက လေထဲလွင့်နေပြီး သူ့ရဲ့အသွင်ပြင်က ရေခဲရုပ်ထုပမာ အေးစက်နေတော့တယ်။ သူ့ရဲ့မျက်ဝန်းတွေက ချောက်နက်ကြီးတစ်ခုလို နက်ရှိုင်းနေပြီး ကမ္ဘာမြေပေါ်ကို တွားသွားတက်လာတဲ့ မိစ္ဆာတစ်ကောင်အလား ထင်မှတ်ရတယ်။

ရွှယ်ယို့ရှန်းရဲ့စိတ်ထဲ ရင်းဆုယဲ့ရဲ့ အေးစက်ခန့်ညားတဲ့ဟန်ပန်ကို ချီးမွမ်းနေရုံပဲ ရှိသေးတယ်။ အနီရောင်သွေးစီးကြောင်းတစ်ခုက ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းထောင့်ကနေ ဖြည်းဖြည်းချင်း စီးကျလာခဲ့တယ်။

ဒါပေမဲ့လည်း ရင်းဆုယဲ့ရဲ့ ပြီးပြည့်စုံတဲ့ဟန်ပန်၊ ပြင်းထန်လွန်းတဲ့ ညှို့ဓာတ်အပေါ် သက်ရောက်မှုမရှိခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်က ရူးသွပ်သွေးဆာမှုတွေနဲ့ ဖုံးလွှမ်းနေပြီး အရောင်ကွဲမျက်ဝန်းတစ်စုံက တလက်လက် တောက်ပနေတယ်။ သူ့ရဲ့အနားသို့ ဘယ်သူမှ မကပ်ရဲလောက်အောင် ထင်ရှားပြတ်သားလွန်းနေတော့တယ်။

ဒါပေမဲ့ ဒီအချက်တွေက ရင်းဆုယဲ့ဒဏ်ရာရခဲ့တယ်ဆိုတဲ့အချက်ကို မပြောင်းလဲနိုင်ဘူးဟ..!

လူအိုကြီးကို ကြည့်လိုက်တဲ့အချိန် အနည်းငယ် မောဟိုက်နေတာကလွဲရင် ဒဏ်ရာရပုံမပေါ်ဘူး။

ရွှယ်ယို့ရှန်းရဲ့အကြည့်က ရုတ်ချည်းဆိုသလို မည်းမှောင်သွားခဲ့တော့တယ်။

ခန့်မှန်းထားသလိုပဲ လက်ရှိရင်းဆုယဲ့က လူသားဘုရင်ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး။ အထူးသဖြင့် အခုလိုမျိုး စွမ်းအားအချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရတဲ့အချိန်မှာပေါ့။ လှည့်စားနိုင်တဲ့ နည်းလမ်းမျိုး လုံးဝမရှိတော့ဘူး။ ရင်းဆုယဲ့အတွက် အထိနာစေတယ်။

“လူသားဘုရင် ဝမ်ပထျန်၊ အသက် ၄၉၅ နှစ်ရှိပြီ.. ကြီးမြတ်သောဘုရင်အဆင့်ကို ရောက်လာခဲ့ရပေမယ့် ဒဏ်ရာအပြင်းအထန်ရခဲ့ဖူးတာကြောင့် သူ့ရဲ့ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းနေတယ်.. အခုအချိန်မှာ အင်အားကြီးနေပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က သိပ်မခံတော့......”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now