သူတို့နှစ်ယောက်ရဲ့အပြစ်တွေကို သေခြင်းတရားနဲ့ပဲ ပြန်လည်ပေးဆပ်နိုင်လိမ့်မယ်..!

“လုံခြုံအောင်ဂရုစိုက်..”

လူအိုကြီး တိုက်ကွက်ခင်းနေတဲ့အချိန် ရင်းဆုယဲ့က ရွှယ်ယို့ရှန်းကို ပွေ့ချီထားရာကနေ အောက်ချပေးလိုက်ပြီး သူ့ရဲ့နောက်ကို ပို့ထားလိုက်တယ်။ ထို့နောက် သူ့ရဲ့စွမ်းအားများကို စုစည်းလိုက်ပြီး လူအိုကြီးရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်လေတယ်။

ပြင်းထန်ရက်စက်လွန်းတဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရချိန် ရင်းဆုယဲ့ဆီမှာ အကြောက်တရား လုံးဝမရှိခဲ့ဘူး။ ထိုအစား သူ့ရဲ့နှုတ်ခမ်းထောင့်က ကော့တက်သွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုတဲ့ အပြုံးတစ်ခုကို ဖော်ဆောင်နေခဲ့တယ်။

တိုက်ပွဲတွေ၊ ရန်ပွဲတွေ၊ သွေးတွေ၊ သတ်ဖြတ်ခြင်းတွေနဲ့ ပြည့်နှက်နေမှ သူ့ရဲ့ဘဝကြီးက အဓိပ္ပါယ်ရှိသလိုပဲ..!

ထိုစဉ်မှာပင် လူနှစ်ဦးရဲ့ စွမ်းအားလှိုင်းနှစ်ခုက တိုက်မိသွားခဲ့ပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံးကို တုန်ခါသွားစေခဲ့တယ်။

သူတို့နှစ်ဦးရဲ့ ပတ်ပတ်လည်မှာ မြေမှုန့်တွေလွ င့်စင်ကုန်ပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်တွေနဲ့ ပြည့်နှက်လာခဲ့တယ်။ အနီးအနားက စစ်သည်တွေလည်း မြေပြင်ပေါ် လဲကျကုန်ပြီး အော်ဟစ်ညည်းညူနေကြတော့တယ်။

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ ကာကွယ်ပေးထားတာကြောင့် ထိုဖိအားအရှိန်ကို မခံစားလိုက်ရဘူး။ ရင်းဆုယဲ့နဲ့  လူအိုကြီးရဲ့ တိုက်ပွဲကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့တယ်။ ရွှယ်ယို့ရှန်းအတွက် ရင်းဆုယဲ့ တိုက်ခိုက်နေတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေမယ့်လည်း ဒီလောက်ပြင်းထန်လွန်းတဲ့ တိုက်ပွဲကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပါပဲ။

ရင်းဆုယဲ့ကိုဗဟိုပြုပြီး သူတို့နှစ်ယောက် မတ်တပ်ရပ်နေတဲ့ နေရာကျဉ်းကျဉ်းလေးကိုသာ သဲသဲကွဲကွဲ မြင်နိုင်ခဲ့တယ်။ သူတို့ဘေးပတ်လည်မှာ မြေအက်ကွဲကြောင်းတွေ ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now