အပိုင်း✨🍁(၆)

Start from the beginning
                                    

“ဒါဆို ငါကရော ဘယ်ကလဲ....”

“သခင်လေးက ဗိဿနိုးကလေ....ဘာမှမမှတ်မိတော့ဘူးလား သခင်လေး....”

“မမှတ်မိတာမဟုတ်ဘူးဟေ့... ဘာမှကိုမသိတာ....ဗိဿနိုးဟုတ်လား....”
ဧကလေး ဗိဿနိုးပြည်ကိုတော့ သိသည်။ရာဇဝင်တွေထဲမှာ ဗိဿနိုးပန်ထွာဘုရင်မဆိုပြီး ကျော်ကြားသည်ကို သူကြားဖူးသည်။
ပေပင်ရာဇဝင်တွေနှင့်အတူ လှပ၊ရဲရင့်ပြီး ထက်မြတ်သောအမျိုးသမီးတစ်ဦးဖြစ်ကြောင်းကိုသိရသည်။ဒါဆို သူကဗိဿနိုးကဆိုတော့ ပန်ထွာဘုရင်မနှင့် ဆွေတော်မျိုးတော်ပတ်သတ်လောက်မည်ထင်သည်။
*မသိတော့ဘူး ရှုပ်တယ်....*

“ဟုတ်ပါတယ်သခင်လေး ကျွန်တော်မျိုးတို့က ဗိဿနိုးပြည်နယ်ကပါ....သခင်လေး အစ်မတော်က သရေခေတ္တရာပြည်ရဲ့မင်းနဲ့ လက်ဆက်မှာမို့ သခင်လေးက သရေခေတ္တရာပြည်ကို သခင်မလေး‌နဲ့အတူတူ လိုက်ပါလာခြင်းပဲဖြစ်ပါတယ် သခင်လေး....”

“အော်....ပေါက်ပြီ...ပေါက်ပြီ ....
ငါက ‌ဗိဿနိုးကပေါ့...စောနက အမျိုးသမီးက ငါ့အစ်မ....ငါ့အစ်မက ဒီနိုင်ငံဘုရင်နဲ့ လက်ဆက်မှာမို့ ငါတို့က ဒီကိုရောက်လာတယ်....မင်းက ငါ့နောက်လိုက်....ဟုတ်ပြီ...
ဒီခေတ်မှာ...ငါ့နာမည်ကရော ဘယ်သူလဲ...
ငါ့အစ်မနာမည်ကရော....”

“သခင်လေးရဲ့အမည်နာမက သျှင်းဓနနောင်...သခင်မလေး အမည်နာမက
ခတ္တရာသျှင်နွယ်...သခင်လေးအကို ဗိဿနိုးပြည့်ရှင်အမည်နာမက သီဟရာဇာ...သခင်လေး ခမည်းတော်က....”

“ဟိုးးးးstop ရပြီ ဒီလောက်ဆိုရပြီ...ငါနာမည်တွေအများကြီးမမှတ်နိုင်ဘူး ...
သျှင်းဓနနောင် အင်း မဆိုးပါဘူး...ခပ်တုံးတုံးကြီးမဟုတ်တဲ့အတွက်အဆင်ပြေတယ်....ခု လက်ဆက်ပွဲသွားရမှာမလား...ဘယ်ဟာဝတ်ရမှာလဲ....”

ဧကလေး လက်ရှိအခြေအနေကို အရင်ဆုံးလက်ခံဖို့ပြင်ဆင်ပြီး ဒီခေတ်ကနေ ဘယ်လိုပြန်ရမလဲဆိုတာ ရှာရဦးမည်ဖြစ်သည်။
ထို့ကြောင့် ဒီခေတ် ဒီလူတွေနှင့် သူ စိမ်းသက်နေ၍ မဖြစ်ပေ။အမြန်ဆုံးအသားကျအောင်လုပ်ရမည်။ခက်သည်က ဇာတ်ကားတွေထဲကလို ယာဉ်တိုက်မှုလည်းမဖြစ်ခဲ့။
ရေကန်ထဲလည်းပြုတ်မကျခဲ့။ ဘာမှမဖြစ်ခဲ့ပဲ ရောက်လာရသည့်အတွက် ဘယ်လိုပြန်သွားရမလဲဆိုတာ တကယ်ပင်မသိ။
ဒီဘက်ခေတ်မှာ သူမနေချင်ပါ။ခုချိန်လောက်ဆို ပါးပါးတို့ ဘယ်လိုခံစားနေရမလဲဆိုတာ သူတွေးမကြည့်ရဲ။သူ့သေသွားတာများလား...မဖြစ်နိုင်ဘူး။မသေချာပေမယ့်လည်း သူမသေသေးဘူးဆိုတာတော့ ယုံကြည်နေမိသည်။ပါးပါးတို့သူကို သေသွားပြီထင်မှာလည်းကြောက်သည်။
ထို့ကြောင့် အမြန်ပြန်နိုင်ရန် မီးစင်ကြည့်ကရမည်ပဲဖြစ်သည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now