Jk-ကျတော်မှာတော့ မနက်အစောကြီးထပြီ Jimin shi အမြဲလုပ်ပေးနေကြ ပန်ကိတ်စားမယ်ပေါ့ ပြီမှ Jimin shi ကအပြင်မှာတဲ့လေ ဟင်းးး ကျတော်မှာတော့ချစ်ရသူလေးကိုတွေ့ချင်လို့ အဲ့ Sweet Day ဆိုတဲ့ဆိုင်ကို မရမက ရှာလိုက်ရတာ ဆိုင်လဲရောက်ရော Jimin shi ကတစ်ခြားယောက်နဲ့ ကျတော်ဘယ်လောက်သဝန်တိုရလဲသိလား
Jm-အေး သိတယ်
Jk-ဟင်.....မပြောတော့ဘူး
Jm-အေး ကောင်းတယ်
သူ့ဘက်ကကောင်းကောင်းမွန်မွန်ပြောနေပါရဲ့အခုထိဘုကလန်ပြောနေပါသော Jimin shi ကြောင့် မပြောတော့ဘူးလို့ပြောလိုက်ပေမဲ့ဒင်းလေးကထောက်ခံသည့်အလား ကောင်းတယ်တဲ့လေ ထိုကြောင့် သူလဲဘာမှမပြောတော့ပဲ အိမ်ကိုသာအမြန်မောင်းလေသည်။
..
..
..
..
..
..
အိမ်ရှေ့ကားရပ်ရပ်ချင်းအိမ်ထဲတန်းဝင်သွားပြန်သော Jimin shi သူ့လဲဘာမှပြန်မပြောတော့ပဲအိမ်ထဲသာသူ့နှင့်အတူဝင်လိုက်သည်။
Jk-Jimin shi ဘာစားမလဲ
Jm-ရတယ် ငါအခန်းထဲသွားလိုက်အုန်းမယ်
ခင်ဗျားနဲ့လဲခတ်လိုက်တာ Jimin shiရယ် ထိုကြောင့်သူလဲအပေါ်တက်သွားသော Jimin shi ကိုကြည့်၍ သူ့လဲပဲသူ့အခန်းကိုသွား၍
တစ်ရေးတစ်မောအိပ်လေသည်။
___________________
Jk-ဟိုရှေးရှေးတုန်းက. လူပုလေးတစ်ယောက် နှင့် မင်းသားလေးတစ်ပါးက အကြင်လင်လင်ဖြစ်ကြသတဲ့ တစ်နေ့မှ လူပုလေးက မင်းသားလေးကိုစိတ်ဆိုးပြီ ဘုကလန်တွေပြောနေသတဲ့ မင်းသားလေးကလဲ လူပုလေးကိုချစ်ရှာတော့သီးခံရတာပေါ့ကွာ တစ်နေ့မှာ မင်းသားလေးဟာ လူပုလေးစိတ်ဆိုးပြေအောင် လူပုလေးအတွက် ခေါက်ဆွဲပြုတ်ပေးနေသတဲ့ အား!!!!!! ပူလိုက်တာ Lee ပဲ
ပုံပြင်အပြောကောင်းနေတဲ့ ခေါက်ဆဲပြုတ်အပူကြီးကိုထည့်ထားတဲ့ပန်းကန်ကိုသွားကိုင်သွား လက်ပူသွားတော့ ဆဲမိလိုက်ပါသည် ညနေ ကတည်းက သူ့အခန်းထဲဝင်သွားတာ အခုထိထွက်မလာသေးဘူး ထိုကြောင့် ညစာကိုစားရန် အကောင်းစားပုံပြင်ပြောရင်နဲ့ အကောင်းစားခေါက်ဆွဲကို
သူကိုယ့်တိုင်းပြုတ်နေပါတယ်။
Jm-နည်းတောင်နည်းသေးတယ် ပေါက်ကရပုံပြင်တွေလျှောက်ပြောနေတာကို
Change. part 22
Start from the beginning
