" တရီးပါ "

လက်ကလေး သုံးချောင်းထောင်ပြပြီး
တပီ့တပီ လေသံလေးနှင့် သုံးနှစ်သား
ကလေးက ပြောတော့ ဂျီမင်း အူတ
ယားယားနှင့် ပါးပြင်ကလေးကို ဆွဲ
ညှစ်ပစ်လိုက်တော့သည် ။

" မာမား သိရင်တော့ မင်းနီးကို ကြိမ်
လုံးကြီးကြီးနဲ့ ရိုက်တော့မယ် ထင်
တယ် ... မာမားနဲ့ တိုင်လိုက်ရမလား "

မျက်နှာကလေး မဲ့တဲ့တဲ့ နဲ့ ခေါင်းလေး
တွင်တွင် ခါရမ်းကာ ဂျီမင်းကို မျက်
ရည် အဝိုင်းသား မျက်လုံးကလေး နှင့်
ကြည့်လာသည့် မင်းနီး ပေါက်စကြောင့်
ဂျီမင်း စ,နေတာကို ရပ်လိုက်ရတော့သည်

" မငိုပါနဲ့ မင်းနီးလေးရဲ့ ပါပါးက မတိုင်
ပါဘူးနော် ... စတာနော် မင်းနီးလေးကို
စတာ စတာ မငိုနဲ့နော် "

ချစ်စရာ ကောင်းတဲ့ နေ့ရက်ကလေးတွေ
က သုံးနှစ်သား အကောင်ပေါက်ကလေး
နဲ့မှ ပိုပြီး စိုစိုပြေပြေရှိလာရတော့သည် ။

" ဂျီမင်း ... ပြင်တော့လေ အချိန်နီးပြီကို "

" မင်းနီးကို ပြင်ပေးနေရတုန်းလေ ။ ည
က ဘာလို့ သကြားလုံးတွေ အများကြီး
ကလေးကို ကျွေးလိုက်ရတာလဲ "

" အတင်း ဂျီတိုက်နေလို့ပါကွာ ... ဆူအာ
က ဒီမနက် flight နဲ့ရောက်မယ် ဆိုပြီး
ခုထိ ရောက်မလာသေးဘူးလား "

" wedding ကို တန်းလာမယ်လို့ ပြော
တယ် ။ သူက အရင်လိုမှ မအားတော့တာ
တကယ်ကို business woman ဖြစ်နေပြီ
လေ "

" ကို့ကို ကလေးပေး ... မင်းသာ မြန်မြန်
ပြင်ဆင်ပြီး ထွက်ခဲ့တော့ "

ယွန်းဂီ မင်းနီးကို ချီရင်း အပြင်ထွက်သွား
တော့ ဂျီမင်း ကမန်းကတန်း ပြင်ရတော့
သည် ။

ကားပါကင်မှာ အသင့်စောင့်နေသည့်
ယွန်းဂီက မင်းနီးလေးကို ပေါင်ပေါ်
တင်ပြီး ဆော့လေ နေသည် ။

" ကျွန်တော် ရောက်ပါပြီ ခင်ဗျ "

မဲ့ကာရွဲ့ကာ ပြောတော့ ယွန်းဂီက ဂျီ
မင်း သပ်သပ်ရပ်ရပ် ဖြီးသင်ထားတဲ့
ဆံပင်တွေကို လက်နှင့် ဆွဲဖွာရင်း ...

" ကို့ကို စိတ်ဆိုးပြန်ပြီလား ? "

" ဆိုးစရာ ဘာအကြောင်းမှ မရှိပါဘူး
နော် ... ဒီနေ့က မင်္ဂလာနေ့ရက်ပါ ...
ဒီက ပတ်ခ်ဂျီမင်းက စိတ်ဆိုးစရာတွေ
ရှိနေရင်တောင် တစ်ရက်တော့ ခွင့်လွှတ်
ပေးထားပါတယ် "

WALLY BOSS ||YOONMIN [completed]Where stories live. Discover now