မီးဖိုချောင်ကပြန်လာတော့ သူက ထိုင်ခုံပေါ်မှာပဲ
ထိုင်လျက်ရှိနေပြီးသူမကိုမြင်တော့ မတ်တပ်ထရပ်လာသည်။

ထို့နောက် သူမက ထိုင်ခုံတခုံကို
ဆွဲယူထိုင်လိုက်ပြီးနောက်
လက်တွေကိုကစားရင်းပျင်းရိစွာပြောလိုက်သည်။
"အမ် ငါ့အထင် နင်က လူကနေဇွန်ဘီအဖြစ်
လုံးဝမကူးပြောင်းသေးတာလို့ထင်တယ်...
ကိုက်ခံထားရပေမယ့်......ကူးစက်မှုနှေးကွေး
တာမျိုးလေ အာ နင်သိမလားတော့မသိဘူး"

"ဂါးဂါး?"

"အင် အင်း ဂါးဂါးပေါ့ ဟဲဟဲ...အာ ဒါနဲ့ ငါခုနကနင့်ကို
ရေချိုးပေးတုန်းက နင့်လည်ပင်းမှာ ဆေးထိုးအပ်ရာတွေ
တွေ့ခဲ့တယ်။"

သူမရေချိုးပေးတုန်းကလို့ သူမပြောလိုက်တဲ့အချိန်
ဇွန်ဘီချောလေးရဲ့မျက်နှာက ပန်းနုရောင်သန်းလာပြီး
ခေါင်းကအောက်ကိုငုံ့သွားသည်။
'ဘုရားရေ မိန်းကလေးဖြစ်တဲ့ငါ့လည်းစာနာပါဦး
ငါကမရှက်ရဘူး...နင်ကရှက်နေတယ် ဟွန်း'

"အဟမ်း နင်က ဘေကျင်းစမ်းသပ်ခန်းကနေ
လွတ်လာတဲ့စမ်းသပ်ခံဇွန်ဘီမလား? အဲ့ဆေးထိုး
အပ်ရာတွေရဲ့ပုံစံက ဟေလီယ်ပိုးမီးယက်စ်ဆေးထိုးခံ
ရတဲ့သူတွေမှာပဲ ဖြစ်လာတဲ့ပုံစံပဲ။ဇွန်ဘီတွေကိုထိုးတဲ့
ဆေးလေ။လွန်ခဲ့တဲ့နှစ်နှစ်ကထုတ်ထားတာ.....အခု
ကြည့်ရသလောက်တော့ 50ရာခိုင်နှုန်းတောင်
အောင်မြင်မှုမရှိတဲ့ပုံပဲ ဟူးးးးးး"

သူမသက်ပြင်းအရှည်ကြီးချလိုက်ပြီး ခုနကနဲ့မတူညီတဲ့
လေသံမျိုး၊စိတ်အနေအထားမျိုးနဲ့  ထပ်မံစကားပြော
လိုက်သည်။"ငါ့နာမည်ကိုမိတ်ဆက်ပါဦးမယ်...
ငါက ကျူးရှောင်ယူပါ။ငါအသက်25နှစ်ရှိပြီ။နင်မြင်တဲ့
အတိုင်းပဲ ဒီရွေ့လျားနိုင်တဲ့လှေအိမ်ရယ်၊ရီမုတ်နဲ့ဖွင့်ရတဲ့
တံတားကြီးရယ်၊အိမ်ထဲကစက်ပစ္စည်းတွေဘာညာ
သလာကာတွေအားလုံးကိုငါတည်ဆောက်ထားတာ။
ကမ္ဘာပျက်ကပ်ကြီးမှာရှင်သန်ဖို့အတွက်ကျတော့ အား
ကိုးစရာကနည်းနည်းရှားလာတယ်။ပြီးတော့ငါက
သိပ္ပံနဲ့တီထွင်ရေးပိုင်းကိုစိတ်ဝင်စားတယ်လေ။
ဆိုတော့က အဓိကငါပြောချင်တာကငါနင့်ကိုကုသပေး
ချင်တယ်။ဒါကပထမဆုံးတော့မဟုတ်ပါဘူး။အရှေ့မှာ
ဇွန်ဘီပေါင်းများစွာကိုလူဖြစ်အောင်ကုသပေးခဲ့ပြီးပါပြီ။
အဲ့တော့စိတ်ပူစရာမရှိပါဘူး"

ကျွန်မယောက်ျားက ဇွန်ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Where stories live. Discover now