[39]' Born from ashes '

Start from the beginning
                                    

လှပ‌သော ဥယျာဉ်တော်ထဲ ကလေးငယ်တစ်ယောက်၏ ငိုကြွေးသံသည် စူးစူးဝါးဝါး ပျံ့လွင့်နေလေ၏ ။ ဘုရင်မင်းမြတ်နှင့် မိဖုရားသည် နေ့လည်ခင်းပွဲတော်တည်ပြီး ပေါ့ပေါ့ပါးပါး အတွင်းဥယျာဉ်တော်ထဲ ခြေဆန့်နေချိန် ... ဝိဉာဏ်တစ်ကောင် လာရောက် နှောက်ယှက်ခြင်းပင် ။

ထိုဝိဉာဏ်မှာ နီရဲသောမျက်ဝန်းဝိုင်းဝိုင်းကြီးတွေရှိကာ နက်မှောင်သောဆံပင် ၊ ဖြူစွတ်သော အသားအရည်ရှိသည့် ကောင်လေးတစ်ကောင်ဖြစ်လေသည် ။ ဘုရင့်ရှေ့ ကြည့်ပျော်ရှူပျော်ရှိစေရန် သူ ထုတ်ဝတ်လာသော အနက်ရောင် ပွဲတက်ဝတ်စုံအနွမ်းလေးသည် မြေပြင်ပေါ်၌ ဒူး‌ထောက်ဝပ်တွားနေသဖြင့် ရစရာမရှိအောင် ပေကျံနေလေတော့သည် ။

အန္တရာယ်များတဲ့ ဝိဉာဏ်‌မှာ သေးငယ်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း မကောင်းဆိုးဝါး၏သွေးနှောသည့်အလျောက် ဒီနေရာ၌ မည်သူမှ သူ့အား သနားပုံမပြကြ ။

ဝိဉာဏ်ငယ်မှာ အခြားသူမဟုတ် ။ ' မြောက်နန်းမှ သရဲကလေး ' ဟု အများက ခေါ်‌နေကြသော ဒုတိယမင်းသား Xavia Henley Ash ပေ ။

Little Ash : " ဖခမည်းတော် , သားတော် Raven ကို မသွားပါရစေနဲ့ ။ မယ်တော့်ရဲ့ ကျန်းမာရေးတောင် မကောင်းသေးတာ ၊ မယ်တော့်အနားမှာပဲ နေပါရစေ "

နှင်းတို့ကြောင့် အေးခဲနီတွတ်နေသော လက်‌ကလေးတို့ဖြင့် ဘုရင့်ဝတ်ရုံနက်၏ အောက်နားစအား ဆွဲထားကာ အသနားခံနေရှာ၏ ။ ပြိုးပြိုးပြောက်ပြောက် ကျနေသည့် မျက်ရည်ပေါက်တို့မှာ မြေပြင်မှနှင်းတွေထပ်သို့ ကြွေခကာနေသည် ။

ပူလောင်သောမျက်ရည်များ ဘယ်လောက်ကျကျ နှင်းထုကြီးသည် အရည်ပျော်ရိုးမရှိ ။

" မင်းရဲ့ မယ်တော်က နာမကျန်းဘူးလို့ ဘယ်သူပြောလဲ ? "

ခက်ထန်သောအသံတွေသည် နှင်းတွေထက်တောင် အေးစက်လေသည် ။

မင်းသားငယ်မှာ တအံ့တဩဖြစ်ကာ မျက်လုံးဝိုင်းလေးဖြင့် စိတ်မရှည်တော့ပုံရသော ဖခမည်းတော်အား မော့ကြည့်လာ၏ ။ ဖခမည်းတော်သည် သူ၏ မျက်လုံးနီများကို မြင်သော် အလိုမကျပုံ ချက်ချင်းမျက်မှောင်ကုပ်သွားသည် ။

Days of Counting Camellia (Hiatus)Where stories live. Discover now