ရှန်ရိကျင်းက ဖြစ်သင့်တဲ့ကိစ္စရပ်လိုမျိုးပြောလာ၏ : "အွန်လိုင်းဂိမ်းတွေလုပ်တာလေ"

ကျင်ရွှင် : "..."

[ဒါဒါ - အိုင်တို့ရှောင်ရွှင်လေးက ရှဲန်းရှန်ကဟိုဂိမ်းကလိုမျိုးသူ့ကိုအဝတ်လဲပေးချင်နေတာလို့ တွေးမိသွားတာ><]

ကျင်ရွှင်က သူ့အသိစိတ်တွေပြန်မရခင် စက္ကန့်အနည်းငယ်လောက် မတုံ့ပြန်နိုင်ဖြစ်သွားရ၏။ ရှဲန်းရှန်က သူဂိမ်းတစ်ခုတီထွင်ချင်လားလို့ မေးနေတာပဲ...

"အရင်က ကိုယ်အဲ့နယ်ပယ်ကို သိပ်မကြိုက်ခဲ့ဘူး" ရှန်ရိကျင်းက တွေးတောရင်းဖြင့် ရှင်းပြလာသည် : "တကယ်လို့ရှောင်ရွှင်က အဲ့ဒါကိုကြိုက်တယ်ဆိုရင် မင်းနောက်ထပ်ဂိမ်းကုမ္ပဏီတစ်ခုထောင်လို့ရတယ်"

"မလုပ်...မလုပ်နဲ့!"

ကျင်ရွှင်က အလျင်အမြန်ပြောလိုက်ရ၏ "ကျွန်တော်က ဒီတိုင်းပဲ သာမန်ကာလျှံကာပြောလိုက်တာပါ"

ရှန်ရိကျင်းက သူ့ကိုငုံ့ကြည့်ကာ မျက်ဝန်းအတွင်း၌ သံသယအချို့ဖြတ်ပြေးသွား၏ : "ဘာလို့မင်းမျက်နှာက အရမ်းနီနေရတာလဲ"

ကျင်ရွှင် : "..."

ဟုတ်သားပဲ သောက်ကျိုးနည်း သူကဘာလို့ရှက်သွေးဖြာနေရတာလဲ?

သူကတကယ်ကိုမစင်ကြယ်ဘူးပဲ

မစင်ကြယ်တာက ကိစ္စတစ်ခု၊ သူကမကြာခဏရှက်သွေးဖြာပြီး အဲ့မစင်ကြယ်မှုကို ထုတ်ဖော်ပြသနေမိတာပဲ!

ဒါက...

ကံကောင်းစွာနဲ့ ရှဲန်းရှန်က အရမ်းကိုသန့်ရှင်းစင်ကြယ်လွန်းတယ်

သူကဘာကိုမှသတိမထားမိဘူး

ဝူး ဒါဆို သူတို့ကို *အံဝင်ခွင့်ကျဖြစ်တဲ့ အိုးနဲ့အဖုံးအဖြစ်ယူဆလို့ရတာပေါ့

[*အချင်းချင်းအတွက်သင့်တော်သောတွဲဖက်ကောင်း]

ကောင်းကင်ဘုံက ယှဉ်တွဲပေးတဲ့ စုံတွဲလား?

ကျင်ရွှင်က ပူလောင်နေတဲ့သူ့မျက်နှာကို ထိကိုင်လိုက်ရင်း မှန်ထဲရှိလူငယ်လေးကလည်း သူ့တိုင်းလိုက်လုပ်သည်။ သွယ်ချတဲ့လက်ထိပ်ဖြူဖြူတွေက ရှက်သွေးဖြာနီမြန်းနေတဲ့ပါးပြင်ကို ခပ်ဖိဖိထိကိုင်ရင်း ကျောက်စမ်းစုတ်တံဖြင့် အစက်ချပုံဖော်ထားသော မက်မွန်ပွင့်လိုဖြစ်နေပေမဲ့ နီတျာတျာမိုးကုပ်စက်ဝိုင်းထက် ရှုမောဖွယ်ကောင်းသော နေဝင်ချိန်တိမ်တိုက်လေးနဲ့လည်း တူသည်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now