'' မာမီ ''

''သားငယ် သားငယ်သတိရလာပြီ မာမီရှိတယ်နော်သား ဆရာ သားလေးကိုတချက်ကြည့်ပေးပါဦး ''

ထို့​နောက်ဆရာဝန်ကြီးက မြူးကို စမ်းသပ်ပေးသည်။ ပြီးမှ တပ်ထားတဲ့ နားကြပ်ကိုဖြုတ်လိုက်ကာ

'' အကုန်အဆင်ပြေပါပြီ လူနာကသွေးပေါင်တွေအရမ်းထိုးကျသွားပြီး အားလည်းနည်းနေလို့ အားဆေးတစ်ပုလင်း ချိတ်ပေးထားပါတယ် လတ်တလောတော့ အားရှိအောင်နေခိုင်းပြီး ပင်ပင်ပန်းပန်းတွေ မလုပ်ခိုင်းပါနဲ့ဦး ကျွန်တော်ညကျ တချက်ပြန်လာကြည့်ပါမယ် ''

''ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာရယ် ''

ဆရာဝန်ကြီးထွက်သွားတော့ မာမီကမြူးအနားရောက်လာကာ ဆေးချိတ်မထားတဲ့ မြူးရဲ့လက်တဖက်ကိုဆုပ်ကိုင်လာသည်။

'' နေသာရဲ့လား သားငယ် မာမီစိတ်ပူလိုက်တာ ''

'' သားအဆင်ပြေပါတယ် မာမီရဲ့ ဒယ်ဒီရော ''

'' သားဒယ်ဒီက ဖုန်းပြောမယ်ဆိုပြီး ခုလေးတင်ထွက်သွားတာ ''

'' အော် ''

အခန်းထဲမှာ ချိတ်ထားတဲ့ တိုင်ကပ်နာရီဆီကြည့်လိုက်​တော့ ၅နာရီတောင်ထိုးပြီ။ ကြည့်ရတာ မြူး ၄နာရီကျော်ကျော်လောက် သတိမေ့သွားပုံရသည်။

'' မြူး အဆင်ပြေရဲ့လား ''

အလင်းက မြူးကုတင်ဘေးလာထိုင်ပြီး​ပြောသည်။ မိုးသားကတော့ အလင်းဘေးမှာ မတ်တပ်ရပ်လို့။ အလင်းတို့ကို
တစ်ခုခုမေးမယ် လုပ်ပေမဲ့ ဘေးနားမှာ မာမီရှိနေတာမို့ မမေးဖြစ်တော့။ အရိပ်အကဲ သိတဲ့ မိုးသားက မာမီ့ပုခုံးကို ကိုင်ကာ

'' အန်တီ ရယ်မြူး ဗိုက်ဆာနေမယ်ထင်တယ် သားတို့တစ်ခုခုသွားဝယ်ကြမယ်လေ ''

'' အေး ဟုတ်သား သားလေးဘာစားချင်လဲဟင် မာမီအိမ်ပြန်ပြီး လုပ်ခဲ့မယ် ''

'' ပင်ပန်းပါတယ် မာမီရဲ့ ကိုယ်တိုင်မလုပ်နဲ့တော့နော် ဒီနားကဆိုင်တွေမှာ တစ်ခုခုဝယ်စားမယ်လေ ''

'' ဟုတ်တယ် အန်တီရဲ့ ဒီနားမှာ ကျွန်တော့်အသိဆိုင်​တွေရှိတယ် တော်တော်လေးသန့်ရှင်းပြီး စားကောင်းတယ် ''

Agent of JoyWhere stories live. Discover now