အနောက်ကို လှည့်ကြည့်လိုက်တော့ ရီဝေဝေ အကြည့်တို့ဖြင့် ကြည့်နေသူကို တွေ့လိုက်ရသည်။ သူ့လက်တွေကို တွန်းဖယ်ဖို့ ကြိုးစားပါသော်လည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သူ့လက်တွေသည်  ကျွန်တော့်ပခုံး နှစ်ဖက်‌ပေါ် မြဲမြံစွာ နေရာယူထားလျက်...။

"ကောင်း...မင်း လက်တွေ ချက်ခြင်းဖယ်စမ်း..."

ကျွန်တော် ပြောလည်းပြော ခုံပေါ်မှ အမြန်ထလိုက်တော့ သူ့လက်တွေကို ရုတ်သိမ်းလေသည်။ သူ့အရှေ့ကနေ မြန်မြန်ရှောင်ထွက် လိုက်ပါသော်လည်း ကျွန်တော့်လက်ကို လှမ်းဆွဲလိုက်ပြီး သူ့လက်တွေသည် ကျွန်တော့် ခါးပေါ်သို့ တင်းကျပ်စွာ ဖက်တွယ်ထားသည်မှာ ရုန်းမရနိုင်အောင်ပင်။

ထို့နောက် ကျွန်တော့် ကျောပြင်ပေါ်သို့ ထိကပ်လာသော သူ့ဝင်သက်နွေး‌နွေး...။ သူ့‌မေးစေ့ကို ကျွန်တော့် ပခုံးတစ်‌ဖက်ပေါ် မှီတင်ရင်း ကျွန်တော့်နားရွက် တစ်ဖက်ပေါ်သို့ ကျရောက်လာသော ဝင်သက်နွေး‌နွေး....။ ကျွန်တော် အတင်းရုန်းလိုက်စဉ် သူ့ဆီက ထွက်လာသော တိုးညင်းသော စကား....။

"လင်းလေး....ဒီတိုင်းလေးပဲ...ဒီတိုင်းလေးပဲ ငြိမ်ငြိမ်လေး နေပေးပါလား..."

"...."

"ခဏလောက်ပါပဲ....နော်..."

"...."

"ကိုယ် အရမ်းပင်ပန်းနေလို့ပါကွာ...နော်"

"ခဏပဲနော်..."

"အင်း...ခဏပဲ..."

ဆယ်မိနစ်လောက် ကြာပြီးချိန်တွင်တော့ ကောင်းကိုယ်တိုင် ဖယ်ခွာသွားလေသည်။ ကျွန်တော်လည်း ညောင်းလာသဖြင့် အိပ်ရာပေါ် လှဲလိုက်ရင်း စာအုပ်တစ်အုပ်ကောက်ယူစဉ် အိပ်ယာပေါ် ကောင်း ပါလိုက်တက်လာကာ ကျွန်တော့် ကိုဖက်ပြီး အိပ်တော့သည်။

"ကောင်း...ထ အဝတ်အရင် လဲအုန်းလေ...အခုမှ ခရီးကပြန်ရောက်တယ်...ချွေးနံ့တွေတော့ အိပ်ရာပေါ်စွဲတော့မှာပဲ..."

ကျွန်တော် ပြောလိုက်တော့ မျက်လုံးမဖွင့်ပဲ စကားသံက ထွက်လာလေသည်။

"ဘာလဲ...လင်းလေးက ကိုယ့်ကိုနံတယ်လို့ ပြောလိုက်တာလား..."

"မင်းကို အဲ့လိုပြောတာ မဟုတ်..."

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now