" Koo! "

" ဘယ်မှာလဲ Jimin ပြန်ရောက်ပြီလား? "

" အခု လေဆိပ်မှာပဲရှိသေးတယ်..ဒီလို koo.. "

Jimin က Jungkook ကို အကြောင်းဆုံရှင်းပြလိုက်သည်။

" ငါအခုလိုက်ခဲ့မယ် "

ပြောပြီးတာနဲ့ ဖုန်းချသွားတဲ့ Jungkook ကို Jimin တားမြစ်ချိန်မရလိုက်ပါ။ Jungkook က ချက်ချင်းလိုက်လာမယ်ဆိုတာ သူ့ကြောင့်မဟုတ်ဘဲ Min PD ကြောင့်ဆိုတာ သိနေတဲ့အတွက်လည်း Jimin နှုတ်ခမ်းဆူချင်‌နေသည်။

" ဟိုမှာ လာနေကြပြီ Boss Jin "

အပြင်မှာဆို ဘယ်တော့မှ သတိလက်လွတ်မနေတတ်တဲ့ Min PD ကြောင့် လေယာဉ်ပေါ်မှာမင်းသားက သူ့မန်နေဂျာအဖွဲ့နဲ့သာထိုင်ခဲ့ရသည်။ အခုလေယာဉ်ကဆင်းတော့လည်း Min PD က ရှေ့က အရင်ထွက်လာပြီး အတော်ကြာမှ မင်းသားက သူ့အဖွဲ့နဲ့ နောက်ကထွက်လာသည်။

" Min PD nim "

အရင်ရောက်လာတဲ့ Min PD ကို Jimin က ဦးစွာကြိုဆိုလိုက်ပြီး Boss Jin တို့နဲ့ဝေးရာဘက်ကိုခေါ်သွားလိုက်သည်။ တဖက်က Boss Jin ရဲ့လူကလည်း Taehyung တို့အဖွဲ့ကို သူတို့ရှိရာဘက်သို့ခေါ်သွားသည်။

အကြောင်းစုံကိုသိလိုက်ရတော့ မင်းသားက သူ့ PD လေးရှိရာဆီသို့ လှမ်းကြည့်သည်။ ပြီးတော့ သွားဖို့ခြေလှမ်းပြင်နေသည်။ PD လေးကတော့ ဘယ်ကိုမှ မကြည့်ဘဲ ဖုန်းကိုသာ ငုံ့ကြည့်နေသည်။

" စိတ်အေးအေးထား...Boss Jin ပြောတဲ့အတိုင်းလုပ် Tae "

ဖုန်းထဲကို၀င်လာတဲ့ မက်စေ့ခ်ျကြောင့် မင်းသားရဲ့ခြေလှမ်းတွေတုန့်သွားသည်။ သူ့ PD လေးကို နောက်တစ်ခါထပ်လှမ်းကြည့်လိုက်တော့ PD လေးကလည်း သူ့ကိုကြည့်ကာ မသိမသာခေါင်းငြိမ့်ပြလိုက်သည်။

သိပ်မကြာခင်မှာပဲ Boss Jin နဲ့ မင်းသားတို့အုပ်စုထွက်သွားသောအခါ အပြင်ဘက်မှ သတင်းထောက်တွေရဲ့ အသံကို ဝေါခနဲကြားလိုက်ရတော့သည်။

Min PD က သက်ပြင်းခပ်ဖွဖွချလိုက်ပေမဲ့ မျက်နှာကတော့ ပကတိတည်ငြိမ်နေသည်။ တစ်နေ့နေ့မှာ ဒါမျိုးတွေကြုံလာရမှာကို ကြိုတင်တွေးထားပြီးသူတစ်ယောက်လို တုန်လှုပ်မှုမရှိပေ။

I hate that ' I love you 'Where stories live. Discover now