...လူတိုင်းက မထိန်းနိုင်ဘဲ ကျင်ရွှင့်ကို တစ်ကြိမ်ထက်မက ပိုကြည့်လိုက်သည်။

ရှန်ရိကျင်းက အပြင်မှာတစ်ယောက်မှမရှိဖူးတာကြောင့်ထင်၊ မိသားစုဝင်တွေက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာရောဂါနဲ့ ခံစားချက်ကင်းမဲ့ခြင်းအကြောင်းကို အနည်းနဲ့အများတော့သိကြ၏။ အားကျင်းမှာ သူငယ်ချင်းမရှိခဲ့ဖူးသလို တစ်ခါမှမချစ်ဖူးဘူးလို့လည်း ပြောလို့ရနိုင်သည်။ သူက မမျှော်လင့်ထားစွာပဲ အလွန်ကောင်းမွန်တဲ့အသွင်အပြင်၊ တမူထူးခြားသောစရိုက်ဖြင့် လူငယ်လေးတစ်ယောက်နှင့်တွေ့ဆုံကာ လက်ထပ်ချင်နေသည်။

သို့သော်ငြား လူအိုကြီးရဲ့အသိအမှတ်ပြုမှုကို ရဖို့က ဒီလောက်မလွယ်ဘူးလေ!

မင်းသိထားရမှာက Dragonမြို့တော်တစ်ခုလုံးမှာ အားကျင်းကိုလက်ထပ်ရန် သူတို့ရဲ့ဆန္ဒရှိမှုကိုလာရောက်ဖော်ပြကြတဲ့ လူတွေအတော်လေးရှိတာကိုပဲ။

မတူကွဲပြားတဲ့နောက်ခံတွေရှိကြသော သခင်ငယ်လေးတွေ၊သခင်မလေးတွေမျိုးစုံက အဆုံးမရှိတဲ့စမ်းချောင်းလို ရောက်ရှိလာခဲ့ကြသည်။

သို့တစေ လူအိုကြီးကို ကျော်လွှားနိုင်တဲ့လူက အများကြီးမရှိ။

ဒီတော့ ဒီလူငယ်လေးက ဘယ်မိသားစုရဲ့ကလေးလဲ?

တစ်ကိုယ်လုံးခြုံငုံကြည့်ရရင် သူကလည်း ကျော်ကြားတဲ့မိသားစုကပဲ ဖြစ်ပုံပေါ်တယ်

Dragonမြို့တော်မှာ သူတို့မသိသေးတဲ့ကလေးများရှိသေးလို့လား? အဲ့ထက်ပိုတာက အသွင်အပြင်က အရမ်းကိုထူးချွန်လွန်းနေတယ်!

ဒီလိုမျက်နှာမျိုးနဲ့ဆိုရင် တစ်ကြိမ်တွေ့ပြီးတာနဲ့ မေ့နိုင်မှာမဟုတ်ဘူး!

သူက ကြယ်ပွင့်တစ်ယောက်မဟုတ်မှန်းလည်း သေချာတယ်

ရှန်မိသားစုလက်အောက်မှာ ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုရှိတာမို့ ထိုအသိုင်းအဝိုင်းရှိ ကြယ်ပွင့်အားလုံးကို သူတို့သိသည်။ သူကသာ လူသိနည်းတဲ့ အဆင့်18ကြယ်ပွင့်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင်ပေါ့..

သို့ပေမဲ့အဲ့လိုဆိုရင် အားကျင်းက သူ့ကိုကြည့်ပါ့မလား? လူအိုကြီးကရော သဘောတူပါ့မလား?

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now