"အဲ့လိုလား တော်တော်ရိုမန့်တစ်ဆန်တာပဲ!"

" ညီမလေးရဲ့မျက်လုံးတွေက တကယ်ကိုထက်မြတာပဲနော် ဟားဟား..."

"ဟုတ်တယ် ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ငါပဲရစ်ဖက်ရှင်ရှိုးကိုသွားခဲ့သေးတယ်။ ကျင်းကော ဒါကိုမရီးအတွက်ဝယ်ခဲ့ဖို့က လွယ်ကူမှာမဟုတ်လောက်ဘူးနော် ကျင်းကောမို့သာဝယ်လို့ရတာ...."

"ဒါနဲ့ အားကျင်း မင်းဘယ်အချိန်လက်ထပ်မှာလဲ"

ကျင်ရွှင် : "......"

လက်ရှိသူတွေ့ကြုံနေရတာတွေက ဆွေမျိုးနီးစပ်တွေရဲ့စောင့်ကြည့်ခြင်းခံရတဲ့ ဒဏ္ဍာရီလာခံစားချက်လားတော့ မသိပေမဲ့ ကျင်ရွှင်က ကသိကအောက်လည်းမဖြစ်သလို မလွယ်ကူသလိုမျိုးလည်း မခံစားရပေ။

အတိတ်မှာတုန်းက သတင်းထောက်တွေကို အကြိမ်များစွာကိုင်တွယ်ခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူကအတော်လေး အတွေ့အကြုံရင့်သန်နေလေပြီ။ သူပထမဆုံးအကြိမ်တွေ့ဆုံဖူးတဲ့ သူစိမ်းတွေများစွာရဲ့ဝန်းရံခြင်းခံနေရင်း ကျင်ရွှင်က သဘာဝကျကျပင် သိမ်မွေ့ရည်မွန်တဲ့အပြုံးတစ်ခုကို ပြသနေဆဲဖြစ်ကာ ယဉ်ကျေးပေမဲ့သီးသန့်ဆန်သောအမူအရာဖြင့် စကားပြောနေလိုက်၏။

ကံကောင်းစွာနဲ့ ထိုတခဏမှာ လူအိုကြီးရှန်က လှေကားကနေဆင်းလာပြီး ညစာစားပွဲကိုလည်း တရားဝင်စတင်တော့သည်။

ကြီးမားတဲ့စားပွဲဝိုင်းမှာ လူသုံးဆယ်ထိုင်နေကြ၏။

ရှန်မိသားစုရဲ့စည်းမျဉ်းက အဘိုးရှန်က အရင်ဆုံးထိုင်ရမည်ဖြစ်ပြီး အဲ့နောက်မှ ကျန်တဲ့သူတွေ စားပွဲမှာထိုင်ရမည်ဖြစ်သည်။

နေရာထိုင်ခင်းကို အထူးဂရုပြုထားကြသည်။ ရှန်ရိကျင်းက မြေးအကြီးဆုံးဖြစ်ပြီး သူ့မိဘတွေက ဒီနေရာမှာမရှိတာကြောင့် သူ့နေရာက သဘာဝအလျောက်ပင် အဘိုးရှန်ရဲ့ညာဘက်ပထမဆုံးဘေးခုံဖြစ်၏။

ကျင်ရွှင့်ထိုင်ခုံက ရှန်ရိကျင်းရဲ့ဘေးမှာဖြစ်ကာ ရှန်မိသားစုမှာဆို အတော်လေးအရှေ့ရောက်တဲ့နေရာပင်။

ပြီးတော့ အဘိုးရှန်ကိုယ်တိုင်က ထိုနေရာကို ညွှန်ပြခဲ့ပြီး ညစာစားပွဲမစတင်ခင် ရှန်ရိကျင်းကိုယ်တိုင် ခေါ်ဆောင်လာတာမို့ လူတိုင်းက သူတို့နှလုံးသားထဲမှာ နားလည်မှုရလိုက်ကြသည် - ဒီလူငယ်လေးကို ရှန်ရိကျင်းကိုယ်တိုင်က အများကြီးကြိုက်နှစ်သက်ရုံတင်မကဘဲ လူအိုကြီးကိုယ်တိုင်ကလည်း အသိအမှတ်ပြုထားသေးတယ်

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now