မျက်နှာကိုသန့်ရှင်းရေးလုပ်ပေးနေရင်းနဲ့
လူက ဝတ်စုံထဲကနေ နှာခေါင်းသွေးမလျှံရုံမမယ်
ထိုမျက်နှာချောချောကို ငေးကြည့်နေမိသည်။

ရေချိုးသန့်ရှင်းပြီးနောက် သူမအဖေရဲ့အခန်းထဲက
ပွပွရွရွဖြစ်နေမယ့် ညအိပ်ဝတ်အင်္ကျီဝမ်းဆက်ကိုအပြာ
ရောင်လေးကို ဝတ်ပေးလိုက်သည်။အပေါ်ပိုင်းအင်္ကျီ
လဲပေးတဲ့အခါပြဿနာမရှိပေမဲ့အောက်ပိုင်းကျတော့
လူကချိတုံချတုံ...။ဇွန်ဘီဆိုတဲ့စိတ်နဲ့ပဲ မျက်လုံးစုံမှိတ်
ပြီးလဲပေးလိုက်ရသည်။

အားလုံးပြီးသွားတဲ့နောက်မှာတော့ သူက တကယ့်ကို
နတ်သားလေးအသွင်ဖြစ်သွားတယ်။
'အားးးးးးးးးး သောက်ရမ်းချောလွန်းတယ်။
ဘယ်ဘုံကနေဆင်းသက်လာလဲမသိ!'

အပြင်ပိုင်းမှာတော့တည်ငြိမ်နေပြီး
မနက်စာစားရန် မီးဖိုချောင်ကိုသွားဖို့လုပ်လိုက်သည်။
ထိုစဉ်  သူမလက်ကို ရေခဲတုံးတမျှအေးစက်သော
လက်တစုံက လာကိုင်ပြန်သည်။

"အီး လက်ကိုအဲ့လိုကြီးမကိုင်ပါနဲ့ဆို။"
သူမအနောက်ကိုဖြေးဖြေးချင်းလှည့်လိုက်ပြီး
ပြောလိုက်သည်။

သူက လက်ကိုဆက်ကိုင်ထားပြီး ဘာမှမပြောဘဲနဲ့
သူမလက်ကိုသူရဲ့ဗိုက်ပေါ်ကိုတင်ပေးလာသည်။

"??"

*ဂြီ!*

"အာ ဗိုက်ဆာလို့ကို..."

သူက ပုတ်သင်ညိုလိုခေါင်းတဆတ်ဆတ်ငြိမ့်ပြလာ
သည်။
"အင်း အင်း...လုပ်ပေးမယ် လုပ်ပေးမယ်။
ဟိုနားမှာထိုင်နေ"

အပျင်းတစ်နေလို့များများမရေးနိုင်တော့ဝူး😢

Unicode

"အား!! ကယ်ကြပါဦး!ဇွန်ဘီကြီး!အားးးးးးးးးးးးးးးးးး"

သူမ ကြောက်အားလန့်အားဖြင့် လူက ခုန်ဆွခုန်ဆွ
ဖြစ်လာပြီးလက်ထဲမှတုတ်လည်းပြုတ်ကျသွားသည်။
သူမဆက်တိုက်ထိုသို့ဖြင့်အော်နေခဲ့ပြီး ခုန်ဆွခုန်ဆွပဲ
လုပ်နေခဲ့သည်။

ကြာလာတော့ အသံတွေပါနာလာကာ ခြေဖျားတွေ
လည်းနီရဲနေချေပြီ။သူမ စိတ်တည်ငြိမ်အောင်
မနည်းလုပ်ယူလိုက်ရပြီးနောက်
"လက်ကိုလွှတ်...ကြောက်တယ်။အီး လွှတ်လို့ဆို"

ကၽြန္မေယာက်္ားက ဇြန္ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Where stories live. Discover now