အခန်း (39.2)

4.2K 825 53
                                    

စိတ်ခံစားချက်တွေကို တုန်လှုပ်ခြင်း အလျင်းမရှိ တည်ငြိမ်စွာ ထိန်းချုပ်နိုင်တတ်တဲ့ ရှဲ့ဟယ်ကိုယ်တိုင်ကတောင် တစ်ဖက်လူရဲ့ တုနှိုင်းမဲ့စွမ်းရည်တွေကို လေးစားနေမိတော့တယ်.....

တန့်ကျင်းဝမ်းကိုယ်တိုင် အခက်အခဲမရှိဘဲ အေးရာအေးကြောင်းနဲ့ ဒီလို လမ်းစဉ်ကို ရွေးချယ်ခဲ့မှတော့ ရှဲ့ဟယ်ကလဲ သူ့ကိုယ်သူ တန့်ကျင်းဝမ်းလက်ထဲအမြန်ဆုံးနည်းနဲ့  ပုံအပ်လိုက်ရတော့မှာပေါ့.....

ပွဲစဉ်တစ်လျှောက်ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အရေးမကြီးဘူး...အရေးဆုံး​ကြီးဆုံးက ရလဒ်ပဲ...

………………… ………………… …………………

တန့်ကျင်းဝမ်းက  ဒီသားကို မလိုချင်ကြောင်း ပြောနေတာ အပြောသက်သက်ပဲမဟုတ်....တကယ်ကိုလဲ မလိုချင်တာပါ....

တန့်ကျိုးရဲ့ Bank card တွေကို ညတွင်းချင်းပိတ်ပစ်လိုက်ရုံသာမက Comapny ကို ရော အိမ်ကိုပါ ဝင်ထွက်ခွင့်ပိတ်ပစ်လိုက်ပြီ.....

ရှဲ့ဟယ်ရဲ့ လက်ထဲမှာ ငွေသားဆိုလို့ ယွမ်နှစ်ထောင်တောင် မပြည့်တော့ဘူး....သူရဲ့ပင်ကိုယ်စရိုက်ကြောင့် စားဝတ်နေရေးဘယ်လောက်ခက်ခဲမှန်း နားလည်မလေတော့ ချွေတာရကောင်းမှန်းလဲ မသိခဲ့ရှာပေ....

ရှဲ့ဟယ်တစ်ယောက် Company အပြင်ဘက်မှာ​ရော အိမ်တော် အပြင်ဘက်မှာပါ တန့်ကျင်းဝမ်းကိုတွေ့ရဖို့ နေတိုင်းထိုင်စောင့်နေခဲ့တယ်...သုံးရက်မြောက်နေမှာတော့ လက်ထဲမှာ ​ပိုက်ဆံပြတ်သွားခဲ့ပြီ...သို့ပေမယ့် တန့်ကျင်းဝမ်းရဲ့အနားကိုတော့ 10 မီတာအကွာ​လောက်မျှသော် ကပ်ခွင့်မရန်ိုင်သေးပေ.....

အစားအသောက်နဲ့ ငွေကြေးလိုအပ်လာရင် System ဆီကနေ Pointနဲ့ လဲလှယ်လို့ရပေမယ့် သဏ္ဍာန်လုပ် သရုပ်တူဖို့အတွက် ဗိုက်ဟောင်းလောင်းနဲ့ပဲ အရင်အတိုင်း ထိုင်စောင့်နေခဲ့တယ်.....

[444: Host တာ့တာ့က အလုပ်ထဲမှာ အရမ်း စိတ်နှစ်ထားတာပဲနော်....]

[ရှဲ့ဟယ်:စွန့်စားမှုမရှိဘဲ အန္တာရာယ်ကို ကျော်လွှားနိုင်ရိုး ထုံးစံမရှိဘူး....ဗိုက်ဆာ​တာလောက်ကတော့ အပရိကပါကွာ...]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now