Part 3 [ Unicode]

Start from the beginning
                                        

'' ဘာလို့ မီးတွေပိတ်လိုက်တာလဲ ''

ရုတ်တရက်ကြီး မီးရောင်တွေမှောင်ကျသွားကာ သီချင်းသံတွေပါရပ်သွားသည်မို့ ကလပ်ထဲကလူတွေဆီက အသံပေါင်းစုံထွက်လာသည်၊၊

- ဒိုင်း

'' အမလေး ''

'' fuck ဘာကြီးလဲ ''

'' သေနတ်သံကြီးမလား ''

သေနတ်သံတချက်ကြားတော့ ကောင်မလေးတွေရဲ့ အလန့်တကြားအော်သံတွေကြားနေသည်။ မြူးတို့လည်း သတိနဲ့ နေနေတုန်း

- ဒိုင်း ဒိုင်း

'' အား ''

သေနတ်သံနှစ်ချက်ဆင့်ကြားလိုက်ရကာ လူတစ်ယောက်ရဲ့ အော်သံနက်ကြီး ကြားလိုက်ရသည်။

'' ရယ်မြူး အဆင်ပြေလား ''

မိုးသားက ​လေသံလေးနဲ့ တိုးတိုးလေး ​မေးလာသည်။ အလင်းနဲ့မိုးသားက တဖက်ခြမ်းမှာထိုင်တာမို့ မြူးဘက်ကတစ်ယောက်ထဲ ဖြစ်နေသည်။ မိုးသားရဲ့ အမေးကို ပြန်ဖြေဖို့လုပ်တုန်း မြူးကိုလူတစ်​ယောက်ကလှမ်းဆွဲလိုက်ကာ နားထင်ပေါ်ကနေ အေးစက်စက် အထိအတွေ့ကို ခံစားမိလိုက်သည်။

''မလှုပ်နဲ့ ငြိမ်ငြိမ်နေ လှုပ်တာနဲ့ မင်းကိုပစ်မှာ ''

ထိုအခိုက် မီးတွေပြန်လင်းလာကာ

'' မြူး!! ''

'' ရယ်မြူး! ''

အလင်းနဲ့ မိုးသားက အလန့်တကြားနဲ့ ထလာကြသည်။ တခြားလူတွေကလည်းအော်ဟစ်နေကာ ခုံအောက်တွေကို
​ပြေးပုန်းနေကြသည်။
ချီးပဲ ဘာလုပ်မိလို့ ဘယ်ကကောင်က သေနတ်နဲ့လာချိန်ထားရတယ် မသိ။ နားထင်ကို သေနတ်နဲ့ အတင်း​တေ့ထားတာမို့ မြူး လှုပ်တောင်မလှုပ်ရဲ။ လှုပ်လိုက်တာနဲ့ ကျည်ထွက်သွားမည်ဟု ခံစားနေရသည်။





'' Boss ဘယ်လိုလုပ်မလဲ ''

လူမသိစေချင်လို့ ကလပ်ထဲကမီး​တွေပိတ်ထားကာ စိန်​တွေကိုင်ထားတဲ့ကောင်ကို အစ်မေးနေတုန်း မီးမှောင်နေတာကိုအခွင့်ကောင်းယူပြီး ခက်ထည်ရဲ့လူတွေချုပ်ထားတဲ့ ကြားက ရအောင်ပြေးထွက်သွားသည်။ သေနတ်နဲ့လှမ်းပစ်လိုက်ပေမဲ့ မှောင်နေတာမို့ မသဲမကွဲ။ အော်သံကြားလိုက်ရတာမို့ တနေရာရာထိသွားတာတော့သေချာသည်။

Agent of JoyWhere stories live. Discover now