Part 3 [ Unicode]

Start from the beginning
                                        

မီးပွိုင့်တွေအတော်ပိတ်နေတာမို့ စိတ်မရှည်စွာစောင့်နေရတုန်း မြူးတို့ ကားတန်းဘေးကနေ ကား၃စီးကဖြတ်သွားတာမို့ မျက်ခုံးပင့်လိုက်မိသည်။

'' အဲ့ဒါ ဘယ်သူတွေလဲသိလား အလင်း ''

အလင်းကဘေးနားမှာ ဖုန်းသုံးနေရာက မော့ကြည့်လာကာ

'' ဘယ်သူတွေကိုပြောတာလဲ ''

'' အဲ့မှာလေ ဟိုကားတွေ သိပ်တောင်မမြင်ရတော့ဘူး မြန်လိုက်တာ ''

'' အေးနော် ကြည့်ရတာ အကောင်ကြီးတစ်ယောက်ယောက်ထင်တယ် ''

'' အော် ''

မြူးဘာမှမပြောတော့ပဲ ထိုကားတွေကိုသာ မျက်စိတဆုံးလိုက်ကြည့်နေမိသည်။

ကားလမ်းပိတ်တာရယ် မီးပွိုင့်မိတာရယ်နဲ့ ကလပ်ကိုရောက်တော့ ရနာရီခွဲပြီ။ သူတို့ကိုမြင်တာနဲ့မိုးသားကလက်လှမ်းပြတာမို့ ထိုဝိုင်းကိုသွားထိုင်လိုက်ကြသည်။

'' နောက်ကျလှချည်လား ဖေ့သားတွေ ''

''လမ်းတွေပိတ်နေတာလေ ငါဖြင့်ဒီညရောက်မယ်တောင်မထင်ထားဘူး ''

'' ဟုတ်လား တော်သေးတယ် ငါလာတဲ့ဘက်ကမပိတ်လို့ ''

မိုးသားမှာထားတဲ့ အာလူးချောင်းကြော်ကိုစားရင်း ဘေးနားကဖြတ်သွားတဲ့ waiter ရဲ့ဗန်းထဲက ကော့တေးတခွက်ယူကာ မော့ချလိုက်သည်။

'' ရယ်မြူး ဟိုဘက်မျက်စောင်းထိုးဝိုင်းက စော်လေးတပွေ
မင်းကိုလှမ်းရှိုးနေတယ် ခနလှည့်ကြည့်လိုက် မသိသာစေနဲ့ ဟေ့ကောင် မသိသာစေနဲ့ပါဆို ''

မိုးသားစကားမဆုံးသေးဘူး မြူးက ခေါင်းကြီးစောင်းပြီးကြည့်လိုက်တာမို့ မိုးသားက လှမ်းအော်သည်။ အနီရောင်ပေါင်တို ကိုယ်လုံး​ပေါ်ဂါဝန်အကြပ်ဝတ်ထားတဲ့ ကောင်မလေး
တစ်ယောက်ကမြူးလှည့်ကြည့်လိုက်တော့ မျက်စိတဖက်
မှိတ်ပြပြီးရယ်ပြလာသည်။

မြူးပြန်ပြံုးပြလိုက်ပြီး ဒီဘက်ပြန်လှည့်လိုက်တာနဲ့ ထိုကောင်မလေး ထလာသည်ကို မျက်လုံးထောင့်ကနေ လှမ်းမြင်နေရသည်။

'' oh my god ဘာဖြစ်တာလဲ ''

'' wtf ငါကော့တေးစပ်နေတာ မမြင်ရတော့ဘူး ''

Agent of JoyWhere stories live. Discover now