Part 3 [ Unicode]

Start from the beginning
                                        

'' ဘာတဲ့လဲ ဘာတဲ့လဲ သူဘာပြန်ပို့ ''

'' နေပါဦးဟ ရိုက်နေတုန်းထင်တယ် အမ် ဘာမှလည်းမပို့လာဘူး ငြိမ်သွားပြီ ''

'' စိတ်ကောက်သွားတာများလား ''

မြူးနဲ့အလင်း နှစ်​ယောက်သား ငြိမ်ပြီး စဉ်းစားနေကြတုန်း

'' မိုးသားထွန်းလင်း​လေးကအခုမှအလုပ်သင်လေးမို့ လစာမရှိ​သေးလို့ ဒီည ဖားအို​ကြီးကရှင်း​ပေးပါ ''

ဟုမိုးသားက စာပြန်မပို့ပဲ အသံဆိုးကြီးနဲ့ voice message ကြီး ပို့လာသည်။

ဖတ်ပြီးတာနဲ့ အလင်းမျက်နှာကြီး ပုပ်သိုးသွားကာ မိုးသားကို voice message နဲ့အပီဆဲတော့သည်။ ဘေးနားကမြူးကတော့ ရယ်ရတာဗိုက်တွေပါနာလို့။ အဟုတ်ကို မိုးသားထွန်းလင်း နဲ့ ဉာဏ်လင်းဟန်တို့က မတည့်အတူနေ ကြောင်နဲ့ကြွက်။

-------------- ♡ -----------

ဆိုင်ခန်းကိစ္စက အကုန်အဆင်ပြေပြေနဲ့ ပြီးသွားသည်။ တနေ့လည်လုံး မြူးရော အလင်းရော အပြောင်းအရွှေ့အလုပ်သမားတွေပါ မနားရ။ မြူးကတခါတလေ စိတ်မြန်လက်မြန်မို့လို့ ဒီနေ့ရရင် ဒီနေ့လုပ်လိုက်ရမှကျေနပ်သည်၊၊

ပစ္စည်းတွေအကုန်ချ၊ နေရာတွေအကုန်ချပြီး အလုပ်သမားတွေပြန်ကုန်လို့ ခုံတခုံပေါ်ထိုင်ကာ နာရီကိုကြည့်လိုက်တော့ ၅နာရီတောင်ထိုးပြီ။ ဒီအချိန်လောက် အိမ်ပြန် ရေချိုးကာ အဝတ်စားလဲပြီးထွက်လိုက်ရင် ရနာရီလောက်ဆို ကလပ်ကိုရောက်နိုင်သည်။ မာမီက မြူး အိမ်ပြန်မရောက်မချင်း ထိုင်စောင့်နေတတ်တာမို့ ဒယ်ဒီက မြူးအိမ်ပြန်နောက်ကျရင်မကြိုက်။ မာမီမအိပ်မချင်း ဒယ်ဒီလည်းအိပ်လို့မှ မရပဲကိုး။ ဒီညလည်း ၁၁မထိုးခင်လောက်ပြန်ရမည်။

'' အလင်း မင်းအိမ်ပြန်ဦးမှာလား ငါ့အိမ်လိုက်ခဲ့မှာလား ''

'' မင်းဆီပဲလိုက်ခဲ့လိုက်တာ့မယ် ငါအဝတ်အစားအပိုယူခဲ့တယ် ''

'' okok သွားမယ် အဲ့ဒါဆို ''

'' မိုးသားကခုနက messageပို့တယ် ရနာရီလောက်ရောက်မယ်တဲ့ ''

''ဟုတ်လား ငါတို့လည်း အဲ့အချိန်လောက်ပဲ​ရောက်​လောက်တယ် ''

တံခါးတွေစစ်ပြီးတာနဲ့ ပြန်ဖို့ပြင်ရသည်။ လမ်းတလျှောက် ကားတွေအတော်ပိတ်နေတာမို့ အိမ်ရောက်တော့ ၆နာရီ။ အိမ်ပြန်ရောက်တော့မာမီကအိမ်မှာမရှိ။ ခပ်သွက်သွက်ရေချိုး အဝတ်စားလဲပြီးတာနဲ့ ဒေါ်ပုကိုမှာခဲ့ကာ ကလပ်ကိုထွက်ခဲ့သည်။ ကလပ်သွားမှာမို့ ဒီတ​ခေါက်​တော့ Ferrari အနီလေးကိုစီးသွားမည်။

Agent of JoyWhere stories live. Discover now