Part 3 [ Unicode]

Start from the beginning
                                        

မြူးက pc တွေဆင်တဲ့အပိုင်းနဲ့ software တွေထည့်တဲ့အပိုင်းကို ကြီးကြပ်သည်။ အလင်းကတော့ သူကျွမ်းကျင်တဲ့ စာအုပ်အပိုင်းကို တာဝန်ယူထားပြီး drinks နဲ့ အစားအသောက်ပိုင်းကတော့ chef နှစ်ယောက်ငှါးထားသည်။

လိုအပ်တဲ့နေရာက ဝန်ထမ်း​တွေကို အကုန်လူရွေးပြီးသားပေမဲ့ အရင်ပြောထားတဲ့ ဆိုင်ခန်းက ရုတ်တရက်ကြီး မငှါးတော့ဘူးဆိုလို့ မြူးတို့မှာဆိုင်ခန်းတခန်းကို အပူတပြင်းလိုက်ရှာရသည်။ အကုန်အဆင်သင့်ဖြစ်နေတာမို့ ဖြစ်နိုင်ရင် အမြန်ဆုံးဖွင့်ချင်နေသည်။

မိုးသားအဆက်သွယ်နဲ့ရတဲ့ ယခုဆိုင်ခန်းလေးက သာကေတမှာရှိပြီး စျေးရော နေရာရောသင့်တင့်တာမို့ မြူးတို့ယူဖို့ဆုံးဖြတ်လိုက်သည်။ ဒီနေ့စာချုပ်ချုပ်ပြီး နေရာ ပြင်ဆင်ပြီးတာနဲ့ နောင်အပတ်ဆို စဖွင့်​တော့မှာဖြစ်သည်။

- တီ တီ

အလင်းအိမ်ရှေ့မှာ ဟွန်းတီးလိုက်တော့ အလင်းက အိမ်ထဲကပြေးထွက်လာသည်။

'' အဲ မုန့်တွေနဲ့ဟ ငါဘယ်မှာထိုင်ရမှာ ''

'' ပေါင်ပေါ်တင်ခဲ့လိုက်လေ နောက်ခန်းမှာဆို ဖိတ်မှာစိုးလို့ ''

'' ok ok ''

အလင်းကမုန့်ဘူးနဲ့ အအေးဘူးထည့်ထားတဲ့ အိတ်ကိုယူကာ​ပေါင်​ပေါ်တင်လိုက်သည်။ အလင်း ခါးပတ်ပတ်နေတုန်း

'' ဒီနေ့ည ကလပ်သွားမလား ဆိုင်ခန်းရတဲ့အထိမ်းအမှတ်လေ ''

မြုးပြောတော့ အလင်းက ဒီဘက်လှည့်ပြီး မျက်စောင်းထိုးသည်။

'' မင်း ဒါပဲချောင်းနေတာ ငါမသိဘူးထင်နေလား ''

'' ဟဲဟဲ သွားရအောင်ပါ သူငယ်ချင်းရ ဘာလဲ မင်းကမလိုက်ဘူးလား ''

'' ပြောစရာလား အခုပဲ မိုးသားကို စာပို့လိုက်မယ် ဒီကောင်အခုချိန်ဆို company ရောက်လောက်ပြီ ''

'' မိုးသားထွန်းလင်းလေး အလုပ်သင်ဖြစ်တဲ့အထိမ်းအမှတ်နဲ့ အချိုရည်သွားသောက်ရအောင်လို့ ရေးလိုက် ''

'' ခွီး ငါတကယ်အဲ့လိုရေးလိုက်ပြီ ကြည့်ကြည့် အဲ seen တန်း
ပြတယ်ရော် typing တဲ့''

Agent of JoyWhere stories live. Discover now