'' ဟုတ်ပြီ ဟုတ်ပြီ အဲ့ဆိုခနလေးစောင့်ဦးနော် ''

မာမီကို​စောင့်​နေရင်း မြူးဧည့်ခန်းမှာ ခနဝင်ထိုင်လိုက်သည်။ စားပွဲပေါ်က remote ကိုယူလိုက်ပြီး TV ဖွင့်လိုက်သည်။ စိတ်ကြိုက်လိုင်းရွေးနေတုန်း Channel တစ်ခုအရောက်မှာ ခနကြည့်လိုက်သည်။ ဒါဟိုနေ့က မိုးသားတို့ Dinner ကလူကြီး၊ ​​ကော်​ဇော်နီထက်က လျှောက်လာတဲ့သူ့ကို တိုက်ပုံဝတ်လူကြီးတွေက လက်ဆွဲနှုတ်ဆက်နေကြသည်။ ကြည့်ရတာ နိုင်ငံတော်အဆင့် အခမ်းအနားတစ်ခုခုဖြစ်ဟန်တူသည်၊ တချို့ဆို uniform ဝတ်စုံပြည်တွေနဲ့။ ထိုလူကြီးဘေးက​နေ လက်ထောက်ဆိုတဲ့သူကလည်း အနောက်ကနေ ထပ်ကြပ်မကွာ လိုက်သည်။

'' ရပြီသားငယ် အပူခံဘူးနဲ့ထည့်ပေးလိုက်တယ် သေချာယူသွားနော် ဒါက လိမ္မော်ရည်နှစ်ဘူး ''

'' ကျေးဇူးပါ မာမီ ချစ်တယ်​နော် မွ ''

မာမီရဲ့ ပါးပြည့်ပြည့်ကြီးကို နမ်းလိုက်တော့ မာမီကရယ်ရင်း မြူးရဲ့နှဖူးပေါ်ဝဲကျနေတဲ့ ဆံစအချိူ့ကို သပ်တင်ပေးလာသည်။

'' မာမီကလည်းချစ်ပါတယ်ရှင် သွား သွား နောက်ကျနေမယ် ''

'' ဟုတ် မာမီ တာ့တာ ''

အိမ်ရှေ့မှာ ဦးမြက မြူးရဲ့ BMW ကားလေးကို အဆင်သင့်ထုတ်ပေးထားကာ အဝတ်စနဲ့ပွတ်တိုက်ပေးနေသည်။

'' ဦးမြ ပြီးပြီလား မြူးသွားတော့မလို့ ''

'' ပြီးပြီ ရယ်မြူးလေး ဦးမြအကုန်စစ်ပေးထားတယ် '

'' ကျေးဇူးပါ ဦးမြ ''

'' ဟုတ်ကဲ့ပါဗျာ ''

ဦးမြဆွဲဖွင့်ပေးလာတဲ့တံခါးကနေ ကားပေါ်ကိုအဆင်သင့်တတ်ထိုင်လိုက်သည်၊ မာမီထည့်ပေးလိုက်တဲ့ မုန့်ဘူးနဲ့အချိုရည်ကို lover seat မှာထားကာ ခါးပတ် ပတ်ပေးထားလိုက်သည်။ ဒါမှပြုတ်မကျမှာ။

'' တံခါးပိတ်ပြီနော် ရယ်မြူးလေး ''

'' ဟုတ် ''

ဆိုင်ခန်းသွားမကြည့်ခင် အလင်းကိုဝင်ခေါ်ရမှာမို့ ရွှေပြည်သာဘက်အရင်မောင်းလိုက်သည်။ မြူးနဲ့အလင်းက internet cafe နဲ့ စာအုပ်ဆိုင်လေးကိုတွဲဖွင့်ဖို့စဉ်းစားထားတာ။ မိုးသားကတော့ ဦးလေးထွန်းလင်း အလုပ်တွေကိုပဲဆက်ခံမှာမို့ ရှယ်ယာသာဝင်ထားသည်။

Agent of JoyDonde viven las historias. Descúbrelo ahora