Part 3 [ Unicode]

Mulai dari awal
                                        

'' ဘယ်နှစ်နှစ်ရှိပြီလဲ ''

'' ၈နှစ်အရွယ်ပါ ''

'' ကလေး​တွေကြိုက်တတ်တဲ့ စားစရာနဲ့ကစားစရာ​တွေ ပို့့ပေးထားလိုက် သူ့အဖေပို့ပေးတယ်လို့ပဲ​ပြော''

နေဇာန် Boss ကို ကြည့်လိုက်တော့ Boss ရဲ့မျက်နှာက ဘာအမူအရာမှမရှိ။ ငယ်ငယ်ကထဲက ပြုံးခဲ ရယ်ခဲပေမဲ့ အရာရာကို အလေးအနက်တွေးပြီး စာနာစိတ်ထားတဲ့ အက်ိုုကြီးကို အမြဲလေးစားခဲ့ရသည်။ အခုလည်း ဖခင်နဲ့အဆက်အသွယ်မရလို့ စိတ်ပူနေလောက်မဲ့ သမီးဖြစ်သူကိုပါ တွေးပေးနေခြင်း။

သူ့ဆီကစကားပြန်မရလို့ Boss က မျက်လုံးမှိတ်ပြီး မှေးနေရာမှ မျက်မှောင်ကုတ်ကြည့်လာသည်။

'' သေချာဆောင်ရွက်ထားလိုက်ပါ့မယ် ''

'' အာရုံတွေမလွင့်စမ်းနဲ့ ''

''နောက်မဖြစ်စေရပါဘူး ''

မီးပွိုင့်တွေပိတ်လို့ ကားတွေရပ်နေပေမဲ့ အနက်ရောင် ကားသုံးစီးကတော့ လမ်းမထက် အရပ်အနားမရှိ တရိပ်ရိပ်ပြေးလျက်။ မီးပွိုင့်မှာ ပိတ်မိနေတဲ့သူတွေထဲကတချို့ကတော့ ဘသူလဲဆိုတာ တန်းသိလိုက်ကြတာမို့အလွတ်ကြီး​တောင် ဘေးကိုတိုးပြီး နေရာဖယ်ပေးကြသည်။ ခက်ထည်မာန်ဝင့် ကားရှေ့ပိတ်ရပ်မိလို့က​တော့ နောက်နေ့ ထိုကားကို အစအနတောင်မြင်ရမည်မဟုတ်။

________________________________________

'' မာမီ​ရေ မြူးအပြင်သွားမလို့ ''

''အယ် သားငယ် သွား​တော့မလို့လား ဒီမှာ မာမီက American Style Breakfast ဆိုလို့ လိုင်းပေါ်တွေ့လို့ လုပ်ကြည့်ထားတာ စားသွားပါလား ''

မြူးလှေကားရင်းရောက်တာနဲ့ မာမီကမီးဖိုခန်းထဲကထွက်လာတာနဲ့ကွက်တိ။ မာမီကအမြဲ အဲ့လိုလှတာလေးတွေ လိုင်းပေါ်တွေ့ရင်လုပ်ကြည့်ထားတတ်သည်။ မာမီကလက်ဆိပ်ရှိလို့လားပဲ မသိ။ လုပ်သမျှစားစရာတိုင်းက အမြင်လှရုံသာမက အရသာလည်းအမြဲရှိသည်။

'' ဟိုု မာမီ ဒီနေ့ဆိုင်ခန်းငှါးမယ့်လူနဲ့ ချိန်းထားတာမလို့ အခုနောက်ကျနေပြီ အဲ့ဒါ ဟိုရောက်မှ အလင်းနဲ့တူတူစားလိုက်မယ်လေနော် ဘူးလေးနဲ့ထည့်ပေးပါလား ''

Agent of JoyTempat cerita menjadi hidup. Temukan sekarang