Part 3 [ Unicode]

Start from the beginning
                                        

'' တောင်း တောင်းပန်ပါတယ် Boss ကျွန်တော့် အား ကျွန်တော့်မှာလည်း ရွေးချယ်စရာ အာ့ အား မရှိခဲ့လို့ပါ ''

နှုတ်ခမ်းတစ်ခုလုံးကစုတ်ပြတ်သပ်နေတာမို့ နိုင်ထွန်းက
စကားပြောလိုက်တိုင်း ညည်းညူနေရသည် ။

- ဖြောင်း

လက်ထဲက ကိုင်ထားတဲ့ ဂေါက်ရိုက်တံနဲ့ ရိုက်ချလိုက်တော့ အစကရုန်းကန်နေတဲ့ နိုင်ထွန်းက မရုန်းနိုင်တော့ပဲ
သွေးပွက်ပွက်အန်ကျလာသည်။

'' ငါလည်း ​ရွေးချယ်စရာမရှိလို့ ''

ပြောပြီးတာနဲ့ ဂေါက်ရိုက်တံကို နေဇာန်ဆီပစ်ပေးလိုက်သည်။

''ဟိုကောင့် ကိုလက်ဆောင်ပို့ပေးလိုက် မပို့ခင် ပစ္စည်းတွေဘယ်မှာလဲ ရအောင်မေး''

'' ဟုတ်ကဲ့ ''

လက်ဆောင်ကတော့ တခြားမဟုတ် ။ နောက်ကွယ်က အကောင်ဆီ နိုင်ထွန်းရဲ့ မသေမရှင်ခန္ဓာကိုယ်ကို ပို့ပေးရန်ဖြစ်သည်။ ပါသွားတဲ့ စိန်က ဆယ်လုံးထဲပေမဲ့ ကြေးကကြီးတာမို့ ပြန်လိုက်ရမည်။ နိုင်ထွန်းကို နာရီပိုင်းအတွင်းဖမ်းမိတာမို့ ပစ္စည်းက ပြည်တွင်းမှာပဲ ရှိဦးမှာ သေချာသလောက်ရှိသည်။

ဒုတိယထပ်က လက်နက်ခန်းကိုဝင်ကာ သေနတ်တလက်ရွေးပြီး ကျည်ဖြည့်သည်၊၊ ကျည်ကာဝတ်ပြီးတာနဲ့ သေနတ်ကို အတွင်းအိတ်ကပ်ထဲ ထည့်ကာ အောက်ထပ်ကိုဆင်းသည်။

နေဇာန်အပါအဝင် လက်ရွေးစင် ၅ယောက်က ဧည့်ခန်းမှာအသင့်စောင့်နေကြသည်။

'' Apex ကလပ်မှာလို့ သိရပါတယ် Boss''

'' သွားတာပေါ့ ''

ခြံရှေ့မှာရပ်ထားတဲ့ကားတွေထဲက အလယ်ကကားကို ခက်ထည်နဲ့ နေဇာန်စီးသည်။ အရှေ့အနောက် ခြံရံထားတဲ့ကားတွေကို ကျန်တဲ့၄ယောက်က အသီးသီး နေရာယူသည်။

'' တန်းပြောတာလား ''

'' အစကငြင်း​နေ​ပေမဲ့ သူ့သမီးနဲ့ အကြပ်ကိုင်လိုက်​တော့ တန်းထွက်လာပါတယ် ''

'' သမီးရှိတာလား''

'' ဟုတ်ကဲ့ ဇနီးဖြစ်သူကတော့ ဆုံးသွားပြီလို့သိရပါတယ် သူ့ညီမနဲ့ အခု၃ယောက် နေကြတယ်လို်ပြောပါတယ် Boss ''

Agent of JoyWhere stories live. Discover now