အပိုင်း ၂၅ (စာစဉ် ၂ အပိုင်း ၁၀)

1.4K 190 1
                                    

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင်
ဘာသာပြန်သူ - လင်းသော်တာ
အပိုင်း ၂၅ (စာစဉ် ၂ အပိုင်း ၁၀)
ခင်ဗျား အရင်က ဘာကို ကျိန်ဆိုခဲ့တာလဲ?

ဧည့်ခန်းမဆောင်ထဲမှ ထွက်လာပြီးနောက် ချန်ချန် ကျန်းမိသားစုခြံဝင်းထဲသို့ ရောက်လာသည်။
ရှီချွမ်စီရင်စု၏ ထိပ်တန်းမိသားစုကြီးသုံးခုမှ တစ်ခုဖြစ်သောကြောင့် သူတို့ခြံဝင်းက ဘတ်စ်ကက်ဘောကွင်းသုံးခုစာလောက် ကျယ်ပေ‌သည်။ ထိုအချိန်တွင် ကျောက်ပြောင်သည် ခြံဝင်းအလယ်တွင် မတ်တပ်ရပ်နေလေ၏။

ချန်ချန် ထွက်လာပြီး မကြာမီ မြင်းစီးဓားပြတစ်သိုက်က သူ့ကို ဝိုင်းရံလာကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်ချန့်နှုတ်ခမ်းတွန့်ကွေးသွားပြီး ကျောက်ပြောင်ကို စကားပြောလိုက်၏။ "ဒါက ဘာသဘောလဲ?"
ဒါကို ကြားပြီး သိပ်မဝေးသောနေရာမှ ကျောက်ပြောင်က ရယ်မောလိုက်သည်။ "ငါ ဘာကို ဆိုလိုတယ်ဆိုတာ မင်းမမြင်ဘူးလား? မင်းကို ခန်းမအပြင်ဘက်ကို မျှားခေါ်ဖို့ အတော်ခက်ခဲခဲ့ပေမယ့် အခုတော့ မင်းက အပြင်မှာဆိုတော့ ငါက မင်းကို အရေအတွက်နဲ့ လွယ်လွယ်ကူကူ အနိုင်ယူနိုင်တယ်လေ"
ချန်ချန်က အံ့အားသင့်မှု အလျဉ်းမရှိခဲ့ချေ။ ကျောက်ပြောင်နောက်တွင် ရှိနေသော ဝူဝေကို ကြည့်ပြီး မေးလိုက်သည်။ "ဝူဝေ ဒါက မင်းပြောတဲ့ ယုံကြည်စိတ်ချရတဲ့ သူရဲကောင်းဆိုတာလား? ငါ့အမြင်မှာ‌တော့ သာမန်ဓားပြတစ်ယောက်ပုံ‌စံပေါက်နေတယ်"
ဝူဝေ့မျက်နှာတွင် ချွေးများထွက်လာကာ ကျောက်ပြောင်၏ ကတိချိုးဖောက်ပုံကို ကြည့်‌ေနရင်း သူနှင့် ကျောက်ပြောင်တို့ ပြုလုပ်ထားသော ကတိအတွက် သူပို၍ စိုးရိမ်လာ၏။
'ဒါပြီးရင် သူ ငါ့ကို ဖယ်ရှားပစ်မှာလား?' ဝူဝေတွေးလိုက်သည်။
ထိုသို့တွေးမိပြီးနောက် သူ့ခြေထောက်များ ပျော့ခွေသွားပြီး ကျောက်ပြောင်ရှေ့တွင် သူဒူးထောက်လိုက်သည်။
"သ.... သခင်ကျောက် ကျွန်တော်အရင်က ရူးမိုက်ခဲ့မိတယ် ကျန်းရှောင်ယနဲ့ ကျန်းမိသားစုရဲ့ စည်းစိမ်တစ်ဝက်ဆိုတဲ့ ကတိကို မေ့ပစ်လိုက်ပါ ကျွန်တော် မလိုချင်တော့ပါဘူး သခင်ကျောက်ဆီမှာပဲ အမှုထမ်းဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ"
ဝူဝေသည် ငိုရှိုက်နေရင်းမှ ပြောလိုက်သည်။ သိသိသာသာပင် သူအလွန်ကြောက်ရွံ့နေလေ၏။
သူ့စကားကို ကြားသောအခါ ကျောက်ပြောင်သည် ဝူဝေ့ခေါင်းကို ပွတ်လိုက်ပြီး သူ့မျက်နှာတွင် သရော်ရိပ်များ ပေါ်လွင်နေ၏။ "ဝူဝေ မင်းဆန္ဒအလျောက် ဒါကို ပယ်ဖျက်လိုက်တာနော် ငါ့ကတိ ငါတည်ပါတယ်"

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 1-100Where stories live. Discover now