အပိုင်း ၂၄ (စာစဉ် ၂ အပိုင်း ၉)

Start from the beginning
                                    

"ကျွမ်းကျင်သူပဲ!"
မြင်က‌ွင်းက ရှင်းလင်းသွားသောအခါ ထိတ်လန့်မှုကြောင့် လူသန်ကြီးရှစ်ယောက်ခေါင်းဆောင်၏ မျက်ဝန်းများက ကျုံ့သွားပြီး ကျားတစ်ကောင်က သူ့သားကောင်ကို ခုန်အုပ်လိုက်သကဲ့သို့ ကျန်းဒဲဆီသို့ ခုန်ဝင်သွားသည်။
ဘာကိစ္စပဲဖြစ်လာပါစေ ယခုအချိန်တွင် အရေးကြီးဆုံးအရာက ကျန်းဒဲကို ချုပ်ကိုင်ရန်ဖြစ်သည်။

"ဟ! ဟ!"
ချန်ချန်လှောင်ရယ်လိုက်ပြီး သူ့ညာလက်ထဲရှိ လက်ဖက်ရည်ခွက်အဖုံးက ရုတ်တရက် လွင့်ပျံသွားကာ လူသန်ကြီး၏ လည်ပင်းကို ကျည်ဆံတစ်ခုလို ထိမှန်သွားလေ၏။
သွေးများ ပန်းထွက်လာပြီးနောက် လူသန်ကြီးက တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။
ထိုသို့ ပြုလုပ်ပြီးနောက် ချန်ချန်က လက်ဖက်ရည်သောက်နေခြင်းကို အဆုံးသတ်လိုက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။ "ဘယ်သူမဆို လှုပ်ရင် သေမယ်"

ခန်းမတစ်ခုလုံး ဒုတိယအကြိမ် ထပ်မံငြိမ်သက်သွားပြန်သည်။ ကျန်နေသော လူသန်ကြီး ခြောက်ယောက်က ချန်ချန်ကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေကြလေ၏။
ထိုလူငယ်လေး၏ စကားကို မည်သူမျှ သံသယမဝင်ရဲကြပေ။ သူတို့ရှေ့ရှိ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းနှစ်ခုက အကောင်းဆုံးသက်သေပင် ဖြစ်ပေသည်။
ဝူဝေ့အတွက်တော့ သူ့မျက်လုံးထဲရှိ ကြောက်ရွံ့မှုများကို မဖုံးကွယ်နိုင်တော့ပေ။
နောက်ပိုင်းတွင် သခင်ကျောက်က သူ့စကားများကို ပြန်ရုတ်သိမ်းနိုင်ခြေရှိသည်ကို သူတွေးမိသော်လည်း ယခုအချိန် ဤနေရာတွင် သူရှုံးနိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူ စိတ်ကယောက်ကယက်ဖြစ်နေပြီး စိုးရိမ်ပူပန်နေချိန်တွင် ကျန်းအိမ်တော်၏ အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်သံ ပေါ်လာပြီး ခနအကြာတွင် လူသုံးဆယ် လေးဆယ်လောက် အတွင်းထဲသို့ ဝင်လာကြလေသည်။
ထိုလူများ ခန်းမအနားကို မရောက်ခင်မှာပင် ရန်လိုသော အသံဝါကြီးတစ်ခုက ကျန်းမိသားစုခြံဝင်းတစ်ခုလုံးကို ပျံ့လွင့်လာ၏။

"လူအိုကြီးကျန်း ဒီနေ့မှာ မင်းမိသားစုက အမျိုးသမီးတွေအကုန်လုံးကို မင်းရှေ့မှာပဲ ငါဖျက်ဆီးပြမယ် သေချင်လောက်အောင် စိတ်ဆင်းရဲရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ မင်းသိအောင် ငါလုပ်ပေးပါရစေ"
ထိုအသံကို ကြားပြီး အိမ်ထဲမှ လူသန်ကြီးခြောက်ယောက်တို့သည် အပြင်ကို ကြည့်လိုက်ပြီး သူတို့ခွန်အားများ ပြန်ပြည့်လာပြီး စိတ်ဓာတ်တက်ကြွလာကြ၏။
သို့သော်လည်း သူတို့ခြေထောက်များက ကြမ်းပြင်နှင့် ကပ်ထားသလိုပင် ဖြစ်နေပြီး တစ်ယောက်မှ မလှုပ်ရှားရဲကြပေ။
ခနကြာပြီးနောက် မျက်နှာတွင် အမာရွတ်ဗရပွနှင့်  မုတ်ဆိတ်မွှေးထူလပျစ်ရှိသော လူကြီးတစ်ယောက် ခန်းမထဲသို့ လှမ်းဝင်လာသည်။ ထိုအခါမှ ထိုလူသန်ကြီးများက စတင်အော်ဟစ်ပြောဆိုကြတော့သည်။

ပြိုင်ဘက်ကင်း ထောက်လှမ်းရေးစနစ်ပိုင်ရှင် (ချန်ချန်) 1-100Where stories live. Discover now