အခန်း (39.1)

Start from the beginning
                                    

တန့်ကျင်းဝမ်းကတော့ ထုံးစံအတိုင်း မျက်နှာသေကြီးနဲ့ ခေါင်းတစ်ချက်ညိတ်ပြီး...

"ရောက်လာပြီလား..."

"အင်း..."

ရှဲ့ဟယ်က မျက်ဝန်းတွေ လခြမ်းကွေးသဏ္ဍာန်ဖြစ်တဲ့အထိပြုံးပြလို​က်ပြီး မျှော်လင့်စောင့်စားနေဟန်နဲ့....

"မှာထားတဲ့ Sport car မကြာခင်ရောက်လာတော့မယ်ဆို...."

တန့်ကျင်းဝမ်းက ခေါင်းပဲ ညိတ်ပြနေတယ်....

ဘေးမှာ ရပ်နေတဲ့ လွီယန်ကတော့ သူ့မျက်လုံးတွေကို ဖုံးကာထားချင်နေပြီ....ရှေ့မှာမြင်နေရတဲ့ ဇာက်ကွက်ကြီးက အင်မတန် သည်းထိတ်ရင်ဖိုဆန်လွန်းနေတာကြောင့် အစွမ်းကုန်သုံးပြီးတည်ငြိမ်အောင်ထိန်းနေရတယ်....သူကိုယ့်သူထိန်းနိူင်ပေမယ့် တစ်စုံတစ်ယောက်တော့ သည်းမခံနိုင်တော့ဘူးနဲ့တူတယ်!!!

သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ရုတ်တရက်ကြီး စူးစူးဝါးဝါးရယ်မောနေတယ်... အူလှိုက်သည်းလှိုက်​ရယ်မောနေတာများ ခန္ဓာကိုယ်ကြီးတောင် ယိမ်းထိုးနေတယ်.....

"ဟားးဟားးးဟားးး အဲ့တာ နင့်သားလား??ဟားးးးးနင်က မမျှော်လင့်ဘဲ စောက်သုံးမကျတဲ့ အမှိုက်ကို ပြုစုပျိုးထောင်ခဲ့တာပေါ့...ဟားးးး ရယ်ရလွန်းလို့သေတော့မယ်...."

ဒီလိုမျိုးတွေ မကြားချင်ပေါင်....သူက အသုံးဖြုန်းကြိးတဲ့ သူဌေးသားဆိုပေမယ့် အခုလို မျက်နှာချင်းဆိုင်ပြီး ဒဲ့တိုးကြီးစော်ကားတာမျိုးတစ်ခါမှ မကြားခဲ့ရဖူးဘူး....

"သေချင်နေလို့ ပေါက်ကရတွေလာပြောနေတာလား??"

ထိုအမျိုးသမီးက ရှဲ့ဟယ်ကို နည်းနည်းလေးမှ အဖက်မလုပ်ဘဲ တန့်ကျင်းဝမ်းကိုသာ စူးစူးရဲရဲစိုက်ကြည့်နေပြီး လှောင်ပြုံးတွေပြုံး​ပြနေတယ်....

"နင် မယုံဘူးဆိုလဲ သွေးသားတော်စပ်မှုစစ်လိုက်ပေါ့.....ဒါဆို အကုန်ရှင်းသွားလိမ့်မယ်....နင့်သားအရင်းဘယ်ရောက်နေလဲလို့တော့ လာမမေးနဲ့ သေတောင် မပြောဘူးမှတ်....ဟားးးးးး နင်လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒီလိုနေ့မျိုးနဲ့ ကြုံနေရတာ...!!!!"

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now