အခန်း (39.1)

Start from the beginning
                                    

ရှဲ့ဟယ် ကြောင်တောင်တောင်ဖြစ်သွားတယ်....

"သွေးသားတော်စစ်မှုစစ်မယ်???"

တန့်ကျင်းဝမ်းက ရှဲ့ဟယ်ကို စူးစူးနစ်နစ်ကြည့်နေရင်းနဲ့ လွီယန့်ကို အမိန့်လှမ်းပေးလိုက်တယ်....

"အဲ့မိန်းမကို အောက်ကို ခေါ်သွားလိုက်တော့...."

"ဟုတ်ကဲ့..."

လွီယန်က ထိုအမျိုးသမီးကို လက်မောင်းကနေ ဆွဲခေါ်သွားတယ်...ထိုမိန်းမကလဲ လမ်းတစ်လျှောက်လုံး သွေးရူးသွေးတန်းနဲ့ အော်ရယ်တယ်...ထိုရယ်သံတွေက ရှဲ့ဟယ်ကို ထိတ်လန့်ကြောက်ရွံ့စေတယ်....

ရှဲ့ဟယ် မကျေမနပ်နဲ့ နှုတ်ခမ်းဆူလိုက်ပြီး...

"အဲ့မိန်းမက ဘယ်သူလဲ??? တကယ်ကို ရွံဖို့ကောင်းတယ်..."

တန့်ကျင်းဝမ်းက မဆိုသလောက်လေးပြုံးနေတယ်.....

ရှဲ့ဟယ်က ထုံးစံအတိုင်း တန့်ကျင်းဝမ်းရဲ့ လက်မောင်းကို ပြေးဖက်လိုက်ပြီး ခေါင်းလေးမော့ကာ.....

"Daddy ကျွန်တော်မေးနေတာ ဘာလို့မဖြေတာလဲ??"

ဒီကောင်လေးကို အနီးကပ်ကြည့်လိုက်တော့မှ သူနဲ့ မတူမှန်း တွေးမိတော့တယ်...ဟိုမိန်းမပြောသွားတာတွေနဲ့ ပတ်သတ်ပြီး သူ့မှာ သံသယမရှိဘူး....သေခါနီးနေတဲ့ လူတစ်ယောက်က မုသားမဆိုလောက်ဘူးလေ...ဒါပေမယ့်လဲ တန့်ကျင်းဝမ်းဆိုတာ သက်သေသက်ကာရတွေကို အထူးဂရုစိုက်သူတစ်ယောက်ဖြစ်တယ်...ဒါ့ကြောင့်
မျက်နှာတစ်ခုတည်းကိုပဲကြည့်ပြီး လွယ်လွယ်ဆုံးဖြတ်လိမ့်မည်မဟုတ်ပေ....သွေးသားတော်စပ်မှုစစ်ဆေးဖို့ လိုလာပြီပဲ.....

"မင်းလဲ ဒီကိုရောက်နေမှတော့ သွေးသားတော်စပ်မှုသွားစစ်ကြတာပေါ့...."

ငြင်းဆန်ချင်တဲ့အပြင် မေးခွန်းထုတ်လိုဟန်အကြည့်တွေနဲ့ တန့်ကျင်းဝမ်းကို ပြန်ကြည့်လိုက်တယ်....အကြည့်တွေထဲမှာ တဖြည်းဖြည်းနဲ့ စိုးရိမ်မှုတွေပါ ပေါ်ထွက်လာတယ်....

"Daddy နေလို့မကောင်းဘူးလား???ဖျားနေတာလား???"

"မဟုတ်ပါဘူး..."

တန့်ကျင်းဝမ်းက တခစ်ခစ်ရယ်မောနေရင်းကနေ...

"ငါတို့တွေ သွေးသားတော်စပ်မှု သွားစစ်ကြမယ်"

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now