BTLFAM (3) Zawgyi

Start from the beginning
                                    

Baz၏ပုံသည် စိတ္တစဆန်လွန်းသည်။

" နောင်ဘဝအထိမှတ်သွား ဆရာမကောင်းရင် ဒီဘဝလိုပဲမင်းသေရအုံးမှာ "

Bazအိတ်ကပ်ထဲ၌သိမ်းထားသည့် ထိုလူရဲ့အသံတိတ်ပြောင်းတပ်ထားသည့်သေနတ်ဖြင့် ထိုလူ၏ရင်ဝကို သုံးချက်တိတိဆင့်၍ပြစ်လိုက်သည်။ တစိမ့်စိမ့်ယိုစီးလာသောသွေးတွေကို Bazဂရုမစိုက်ဘဲ စီးကရက်ကိုမီးညှိလိုက်သည်။ တခြားလူဆို gasအိုးတွေရှိ၍သောက်ရဲမှာမဟုတ်ပေမယ့် Bazက Mr.Maxiyoလေ..။

Maxiyoတွေက သေရဲတယ်၊ သတ်ရဲတယ်။

နက်ပြောင်နေသောလည်သာဖိနပ်၏အောက်ခြေ၌ စိုစွတ်သောသွေးတို့သည် စေးကပ်ကပ်ဖြစ်လာသည်။ Bazသည် ထိုအချင်းအရာကိုမမှုပါ။ Baz၏ စီးကရက်သောက်ခြင်းသည် ညှီစို့စို့သွေးရနံ့တချို့ပါမှပြည့်စုံသွားသည်မို့ ဆက်ရပ်နေခဲ့သည်။

" Master.. Ms.Maxiyoကဖုန်းပြောချင်လို့ပါတဲ့ "

အနားကိုအ‌ပြေးရောက်လာသည့် M2ကိုဂျို(ချို)ကြည့်ကြည့်ပြီး လက်ထဲကဖုန်းကိုဆွဲယူလိုက်သည်။

" Baz သေချင်နေပြီလား အခုထွက်တော့ လင်ချစ်မခံရသေးပဲ သေချင်လို့လား "

" Oh!Mom..ကျွန်တော်စိတ်ခံစားချက်ကောင်းမနေဘူး Momနဲ့စ မနေနိုင်ဘူး ပြီးတော့ကျွန်တော်ဒီကထွက်လို့မရသေးဘူး..."

" ပူမနေနဲ့ မင်းလင်ထွက်သွားပြီ အမြန်အဲ့ထဲကနေထွက်တော့ ငါ့ကိုနှလုံးရောဂါရအောင်မလုပ်နဲ့ "

" Ms.Maxiyoကို နှလုံးရောဂါ‌ရအောင်မလုပ်ရဲပါဘူးဗျာ အဟား..."

Baz ဖုန်းမြန်မြန်ချကာ M2ကိုပေးလိုက်ပြီး စားဖိုဆောင်ထဲကထွက်ရန်ပြင်လိုက်သည်။ Baz Momနှင့်စကားအကြာကြီးပြောရလောက်တဲ့အထိ စိတ်ခံစားချက်တို့သည် ကောင်းမနေပါ။

လွန်ခဲ့သော ငါးမိနစ်ခန့်က..

Bellaကွန်ပျူတာနှစ်လုံးနှင့်အလုပ်ရှုတ်နေခဲ့သည်။ ဂိုဏ်းထဲမှာယုံကြည်အားကိုးရသည့် ကလေးတွေရှိပေမယ့် ကိုယ့်သားကိစ္စကို ကိုယ်တိုင်ဖြေရှင်းချင်သည့် စိတ်ကြောင့် အလုပ်ရှုတ်သွားရခြင်းဖြစ်သည်။

ဆိုဖာရှိ ကွန်ပျူတာတွင် Baz၏ကားကိုခြေရာခံပြီး စားပွဲပေါ်ရှိကွန်ပျူတာတွင်Logan၏ကားကိုခြေရာခံနေသည်။သိပ်မကြာလိုက် Hotelတစ်ခုကိုဝင်သွားပြန်တော့ Hotel၏CCTVကို Hackရပြန်သည်။ သားဖြစ်သူ၏စိတ်မြန်လက်မြန်ကြောင့် Hotelပိုင်ရှင်ကိုဖုန်းမဆက်ရသေးခင် Securityတွေနဲ့ပြဿနာတက်သည်မို့ အမြန်ပင်ဖုန်းဆက်ရသည်။

Behind the lust for a man(Complete)Where stories live. Discover now