အခန်း (38)

Start from the beginning
                                    

အရက်ရှိန်ကြောင့် နီရဲနေတဲ့ ပါးပြင်နှစ်ဖက်ကြောင့် နဂိုကတည်းက လှပပြီးသားအပြုံးတွေ ပိုပြီးလှပသက်ဝင်လာသည့်နှယ်....မျက်ဝန်းတစ်စုံကလဲ ကြယ်အစင်းပေါင်းထောင်သောင်းမက လင်းလက်နေသည့်နှယ် တဖြတ်ဖြတ်လင်းလက်နေပြန်တယ်....တန့်ကျိုးသာ စကားမပြောဘဲ ဒီအတိုင်းနေမယ်ဆို ကမ္ဘာပေါ်မှာရှိတဲ့ ပြီးပြည့်စုံတဲ့ ဖန်ဆင်းမှုအဖြစ်သတ်မှတ်ကြပါလိမ့်မယ်....သို့ပေမယ့် တန့်ကျိုက ဟန်သာရှိပြီးအဆံမရှိလေသူတစ်ယောက်သာပင်.....

တန့်ကျင်းဝမ်းကို မော့ကြည့်လိုက်တဲ့ ရှဲ့ဟယ်ရဲ့ အကြည့်တွေထဲမှာ ယုံကြည်ကိုးစားမှုတွေ ပြည့်နှက်နေတယ်.....

တန့်ကျိုးက လိင်တူနှစ်သက်သူများကို မုန်းတီးသော်ငြားလဲ တန့်ကျင်းဝမ်းရဲ့ ဖြစ်တည်မှုကတော့ သူ့အတွက် တုနှိုင်းမဲ့ပါပဲ....ဒါ့ကြောင့်ဒီလိုမြင်ကွင်းမျိုးကိုမြင်နေရသည့်တိုင်  သူ့အတွက်တော့ တန့်ကျင်းဝမ်းက စင်းလုံးချောအမှားကင်းသူသာဖြစ်ပြီး မြှူဆွယ်ဖျားယောင်းတဲ့ ကောင်တွေကိုသာ အပြစ်ဖို့နေမိတော့တယ်....သူ့အဖေ တန့်ကျင်းဝမ်း က gay တစ်ယောက်မဟုတ်တဲ့အတွက် ဒီကောင်တွေသူ့အဖေကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်လိမ့်မှာမဟုတ်ဘူးလို့ပဲ သူတွေးထားတယ်.....

ထိုကဲ့သို့သော လေးစားမှု ချစ်ကြောက်ရိုသေမှု ယုံကြည်ကိုးစားမှုတွေက တန့်ကျိုးအတွက် အရိုးစွဲနေခဲ့လေပြီ.....

အကယ်၍ တန့်ကျင်းဝမ်းကသာ သမင်တစ်ကောင်ကို လက်ညှိုးထိုးပြီး မြင်းတစ်ကောင်လို့ပြောရင်တောင် တန့်ကျိုးကတော့ သံယကင်းစွာယုံကြည်နေဉီးမှာပါပဲ.....

သူ့ကိုတောက်ပစွာပြုံးပြနေတဲ့ ကောင်လေးကိုကြည့်ရင်း တန့်ကျင်းဝမ်းရဲ့ မျက်ဝန်းတွေ မှောင်မိုက်လာတယ်.....

လူဆိုတဲ့အမျိုးက ရုပ်သာချောပါစေ ဘာလုပ်လုပ်အကောင်းမြင်ပေးတတ်သူချည်းသာပင်.....တန့်ကျင်းဝမ်းက ကျီးအာသီးလို သားမျိုးကို မမြင်ချင်သော်ငြားလဲ ဒီနေ့ကိစ္စက သိပ်တော့ အရေးမကြီးသေးပေ....သူတို့လဲ လုပ်ငန်းမှမစရသေးတာ....သူ့အတွက် သားဖြစ်သူက အရေးမပါတာမှန်ပေမယ့် ကောင်လေးတွေနဲ့ကစားတာကလဲ သူ့သားလောက်တော့ အရေးမကြီးတာ သူသိတယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now