အကိုသူရစကားကြောင့် ကျွန်တော် ဝမ်းသာအားရနဲ့ ဆိုင်ကယ်ပေါ်တက်ဖို့ပြင်လိုက်တုန်းမှာပဲ "မင်းတက်ရင် ငါလည်းတက်မှာနော်"ဆိုတဲ့ ကိုနေလင်းရဲ့ စကားသံကို ကြားလိုက်ရတယ်။ အဲ့ဒါနဲ့ ကျွန်တော်မတက်တော့။

"ကိုကိုအရင်ပြန်နှင့်နော်... ကျွန်တော် လမ်းပဲလျှောက်လာခဲ့တော့မယ်"

"ကလေးလေးက အလယ်ကလိုက်ပြီး သူ့ကို နောက်ကတင်ခဲ့လိုက်လေ"

"ဟမ် မဖြစ်ဘူး။ သူက ကျွန်တော့်ကိုကျော်ပြီး ခင်ဗျားခါးကို လှမ်းဖက်နေရင် ဘယ်လိုလုပ်မလဲ"

အဲ့ကိုနေလင်းက စိတ်ချရတဲ့သူမဟုတ်တာကြောင့် အကိုသူရရဲ့အဆိုကို ကျွန်တော် ချက်ချင်းပယ်ချလိုက်တယ်။ ပြီးတာနဲ့ အကိုသူရကို အရင်ပြန်ခိုင်းလိုက်ပြီး ကျွန်တော်ကတော့ လမ်းပဲ ဆက်လျှောက်လာခဲ့တော့တယ်။

"ခွီးးး"

"ဘာရယ်တာတုန်း"

လမ်းလျှောက်ရင်းနဲ့ တခွီးခွီးရယ်နေတဲ့ ကိုနေလင်းကြောင့် ကျွန်တော် မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်အမေးကို သူကပြန်မဖြေ။ အရယ်ကိုလည်း မရပ်။ နောက် အတော်လေး ရယ်လို့အားရမှ ကျွန်တော့်ကို စကားပြန်ပြောတယ်။ ဒါတောင် မျက်ခွက်က ပြုံးဖြီးဖြီးနဲ့

"မင်းက ချစ်စရာကောင်းလို့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်"

"မပြောနဲ့"

သူ့ရဲ့ ပြည်တည်တည်အမူအရာကြောင့် ကျွန်တော် ချက်ချင်းငြင်းပစ်လိုက်တယ်။

"ပြောမှာပဲ"

"နားမထောင်ဘူး"

ပြောပြောဆိုဆိုနဲ့ ကျွန်တော့်နားနှစ်ဖက်ကို ကျွန်တော့်လက်တွေနဲ့ ထိကပ်ပြီး အုပ်ပစ်လိုက်တယ်။ ဒါပေမဲ့ ကိုနေလင်းကလည်း ကျွန်တော်ကြားရအောင် စကားကို ခပ်ကျယ်ကျယ်လိုက်ပြောတယ်။

"ငါနဲ့ကိုသူရစိုး အတူအိပ်ဖြစ်ကြတာက.."

သူ့စကားကြောင့် နားနှစ်ဖက်ကို အုပ်ထားတဲ့ ကျွန်တော့်လက်တွေ ချက်ချင်းဆိုသလိုပဲ အောက်ကို ပြန်ပြီးတွဲလျောင်းကျသွားတယ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now