"တော်ပြီငယ်။ကိုယ်ဒီမှာထိုင်စောင့်နေလိုက်မယ်။ငယ်အလုပ်အေးဆေးလုပ်"

"ဟုတ်..ကိုကို"

ဆိုကာ အရှေ့ကိုပြန်လှည့်သွားကာ ခုနက
Customer နဲ့ပြန်ပြီးစကားပြန်ပြောနေလေသည်။သူလည်းဖုန်းထုတ်ကာ Google ထဲဝင်ပြီး operation နဲ့ပတ်သက်တဲ့အကြောင်းတွေလိုက်ဖတ်နေလိုက်သည်။

သူတို့ဒီကပြန်ရင် အိမ်ကိုသွားရမည်မဟုတ်ပါ။ခြံရံတို့အိမ်ကိုသွားရမည်ဖြစ်သည်။ဘာလို့ဆို ကိုယ်ဝန် ၅လကျော်လောက်ကတည်းက ငယ်က ကိုသွန်းဆီကိုသွားကာကလေးထိန်းနည်းနဲ့အတူ မွေးကင်းစကလေးကိုဘယ်လိုကိုင်တွယ်ပြုစုရမယ်ဆိုတာတွေကို သွားသင်ဖြစ်လေသည်။တစ်ပတ်မှာသုံးရက်လောက်တော့ညနေတိုင်းသွားဖြစ်သည်။ကိုသွန်းကလည်းစိတ်ရှည်လက်ရှည်နဲ့ကိုပြောပြပေးသည်။

ကိုသွန်း ဒုတိယကိုယ်ဝန်နဲ့ငယ်နဲ့က အတူတူလောက်ပဲမွေးမှာဖြစ်လောက်သည်။အဲ့ဒါ​ကြောင့်တစ်ယောက်နဲ့တစ်ယောက် ကလေးအကြောင်းတွေမျှဝေကြသလို လမ်းလည်းတူတူလျှောက်ဖြစ်ကြသည်။

"ကိုကို..သွားကြမယ်လေ"

"ပြီးသွားပြီလား.."

"အင်း...သွားကြတာပေါ့ လာ ကိုယ့်ကိုတွဲ"

ပြောလည်းပြော..ပြီးတော့ထိုင်နေရာကထသွားလိုက်ပြီး ဗိုက်ပူလေးကိုကိုင်ကာရပ်နေတဲ့ငယ့်အနားသွားပြီး ငယ့်လက်ကိုသူလက်မောင်း၌တွဲစေလိုက်သည်။ထို့နောက်သူ့ကားရပ်ထားတဲ့ဆီကိုထွက်လာကာ ငယ့်ကိုကားထဲနေရာတကျချပေးလိုက်ပြီး ခါးပတ်ကိုမှ မလျော့မတင်းလေးသေချာပတ်ပေးလိုက်သည်။

အကုန်အဆင်ပြေသွားတာနဲ့သူလည်းမောင်းသူနေရာဝင်ထိုင်ကာ ခြံရံတို့ရဲ့စံအိမ်ရှိရာသို့ဦးတည်ပြီး မောင်းနှင်လာလိုက်သည်။

"ငယ်..ဒီနေ့ရောနေရတာအဆင်ပြေရဲ့လား"

"အင်း..ပြေတယ်ကိုကို။ဒါပေမယ့်လေ ကန်လွန်းတယ်ကိုကိုရယ်။ဘောလုံးသမားတွေလားမှတ်ရတယ်။"

"ဟားဟား..ငယ်ရယ်..ဒါမွေးကာနီးလို့ပါငယ်ရဲ့။အရမ်းနာရင်တော့ ကိုယ့်ကိုပြောနော် ဆေးရုံသွားကြမယ်"

မောင့် အလိုကျ 💙(completed)Where stories live. Discover now