"ဖေဖေ ခုနက ဘယ်သွားနေတာလဲဟင် ။ ကျွန်တော် မတွေ့မိလို့ပါ"

"ဪ သား...ဘေးအိမ်ကို ခဏသွားတာ သားရဲ့။ မင်းရဲ့ ကိုကြီးထွဋ် လည်းပြန်ရောက်နေပေါ့"

"ဟင် ကိုထွဋ် ပြန်ရောက်နေတာလား။သူ့မိန်းမနဲ့ ကလေးကော မပါဘူးလား "

"ပါတာပေါ့ကွ ။ အဲ့တာ လက်ဆောင်တွေပါလာလို့ အိမ်ပိုမနက်အစောက လာပေးသွားတာ ။ အဲ့တာနဲ့ ဖေဖေလည်း သူတို့အိမ်ဘက် ခဏ သွားလိုက်တာ"

"အဲ့တာဆို သားတော့အဖော်ရပြီ ။ တုန်တုန့်ကို စရအုန်းမယ်"

"ဟင်း...မင်းလည်း သူကသားသမီးကိုဆို အလွန်စ။ မင်းစတော့ တုန်တုန်ကအငိုသန်  "

"ဖေဖေကလည်း သားက တုန်တုန်ကို ချစ်လို့ပါ။သားမချစ်တဲ့သူဆို လှည့်တောင်မကြည့်ဘူး"

"လှည့်မကြည့်လို့ပဲ တော်တော့တယ် ငါ့သားရာ။ သားကောင်း ကို သားလှည့်လှည့်ကြည့်နေတာ ဖေဖေမြင်ရဲ့သားနဲ့ "

"ဟာဗျာ...ဖေဖေကလည်း ဘာတွေလျှောက်ပြောနေတာလဲ"

ဖေဖေ့ စကားကြောင့် ကျွန်တော့် မျက်နှာတို့မှာ ပူထူလာရသည်။ နေရာကနေတောင် တခဏတာပျောက်ကွယ်သွားချင်မိလေသည်။

ဖေဖေကတော့ ကျွန်တော့်ကို စလိုက်ရ၍ ရယ်နေလေသည် ။ ဖေဖေ့ရယ်သံကြောင့် မေမေပါ အိမ်ရှေ့ထွက်လာကာ

"ဘာတွေ ရယ်နေကြတာလဲ"ဟုမေးလေတော့သည်။

ကျွန်တော်လည်း ဘာမှမဟုတ်ကြောင်း ပျာပျာသလဲရှင်းပြပြီး မီးဖိုခန်းဆီသို့ ထွက်ခဲ့လိုက်သည် ။ ခဏကြာတော့ မေမေပါ မီးဖိုထဲဝင်လာကာ မနက်စာ စားဖို့ ပြင်ဆင်လေသည်။ ကျွန်တော်လည်း မေမေ့ကို ကူညီပေးနေလိုက်သည်။

"မေ မမကော မတွေ့ပါလား။ မထသေးတာလား။"

"မင်းမမ လမ်းထိပ်က အကြော်ဆိုင် အကြော်သွားဝယ်နေတာ"

"ဪ...ကောင်းတာပေါ့ ထမင်းကြော်လေးနဲ့ အကြော်လေးနဲ့ ကော်ဖီတစ်ခွက်က အဆစ်ပါသေး ။ ဟင်း....ဒီလိုကျတော့လည်း ဘဝကြီးက သာယာလိုက်တာ"

"အမလေး သူကပြောရတယ်ရှိသေး ။ သား မင်းအသက်လည်းပြန်ကြည့်အုန်း အသက်ကသုံးဆယ်ဖြစ်နေပြီ။ အိမ်ထောင်ပြုဖို့ စိတ်မကူးဘူးလား ။ "

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now