အခန်း(၁၂)

Start from the beginning
                                    

"အရင်က မစ္စတာ ရှီနိချီ ကျွန်တော့်ကို ပြောခဲ့တာက ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ သူကိုယ်တိုင်က သင်္ဘောပျက်မှာ ရေသူထီးကိုမြင်ခဲ့ရတဲ့ သက်သေတစ်ဦးဖြစ်ပေမယ့် သူ့စကားတွေက သိပ်ပြီးယုံကြည်စရာမကောင်းလို့ ကျွန်တော်ကတော့ ဘာပဲရင်းရရင်းရ လက်လျော့မှာမဟုတ်ဘူး။ "

သက်ပြင်းရှည်ရှည်တစ်ခုနဲ့အတူ အဘွားအိုက မျက်ဝန်းတွေကို မှိတ်ချလိုက်သည်။ မှေးကျသွားတဲ့ သူ့ရဲ့မျက်လွှာအောက်မှာ မျက်ဝန်းအိမ်က လူးလာခတ်နေပြီး မသိလျှင် ကုန်းမြေတစ်လျှောက်ခြေလျင်ခရီးထွက်လာသူတစ်ယောက်လို ဖြစ်နေသည်။ ထိုနှစ်တွေရဲ့ ပင်လယ်ပြင်ခရီးထဲမှာ သူလည်းပါဝင်ခဲ့တယ်' ဆိုတာကို ကျွန်တော်သိနေသည်။... ဒါကြောင့်လည်း အသက်ပင်မရှူနိုင်ဘဲ သူ့ထံမှအပြောကို ကျွန်တော် စောင့်နေခဲ့သည်။

အချိန်အကြာကြီးတိတ်ဆိတ်သွားပြီးနောက်မှာ အဘွားအိုက သက်ပြင်းရှည်ရှည်ချရင်း ပြောလာသည်။

"အဲ့ဒီအချိန်တုန်းက ငါ အပါအဝင် စွန့်စားခန်းထွက်လာကြတဲ့အဖွဲ့က မင်းလိုပဲ ရေသူထီးကိုတွေ့ရဖို့ ဆန္ဒရှိခဲ့တယ်။ ငါတို့ သင်္ဘောက ရေသူမျိုးနွယ်တွေကျက်စားတဲ့နေရာတစ်ဝိုက်မှာ လအနည်းကြာရွက်လွှင့်ခဲ့တယ်။ နောက်ဆုံး ...... တစ်နေ့မှာ ငါတို့ ရေသူထီးတစ်ကောင်ကို အောင်အောင်မြင်မြင်နဲ့ ဖမ်းမိခဲ့တယ်။ ဒါပေမယ့် ရေသူမျိုးနွယ်က နက်ရှိုင်းတဲ့ သမုဒ္ဒရာရေနက်ရဲ့ ကြောက်စရာဖန်တီးမှုတစ်ခုလို နတ်ဆိုးတစ်ကောင်ဖြစ်နေမယ်' လို့ ငါတို့ မထင်ထားခဲ့ကြဘူး။ ....... ပြင်းပြင်းပြပြရှူရှိုက်မှုနဲ့ သူ့သားကောင်ရဲ့ အနံ့ကို အကဲဖြတ်နေသလို သူက မင်းကို အရင်ဦးဆုံး အနံ့ခံလိမ့်မယ်။ အကယ်၍ မင်းသာ သူ့ကို စိတ်ပျက်စေခဲ့ရင် .... မင်းရဲ့လည်ပင်းကို ကိုက်ဆွဲပြီး အပိုင်းပိုင်း အစစ ဖြစ်သွားအောင်အထိ ဆုတ်ဖြဲပစ်လိမ့်မယ် ......"

ထိုစကားတွေကိုပြောနေတဲ့အချိန် သူ့ရဲ့အသက်ရှူနှုန်းတွေ မြင့်တက်လာပြီး မှေးမှိတ်ထားတဲ့ မျက်ဝန်းပင် ပွင့်လာခဲ့သည်။

"အဲ့ဒါက အိမ်မက်ဆိုးတစ်ခုလိုပဲ။ တစ်ညမှာ ... ရေသူထီးက ငါ့အဖွဲ့သားတွေကို စားနေတာကို ငါကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်၊ ငါပဲ .... ငါ တစ်ယောက်တည်းကပဲ မှောင်မဲနေတဲ့ ရေလှောင်ကန်မှာတိတ်တိတ်လေး ပုန်းနေခဲ့လို့ လွတ်ခဲ့တယ်။ ငါ ကြောက်နေခဲ့တယ် ပြီးတော့ အသံလေးတစ်သံတောင် မထွက်ရဲခဲ့ဘူး ... သူ ငါ့သားကို ဆွဲခေါ်သွားတဲ့အထိ .... ငါ့သားကို ပင်လယ်ရေရဲ့ အောက်ခြေအထိ ဆွဲခေါ်သွားခဲ့တဲ့အထိ .... ငါ့သားအတွက် အိမ်ပြန်လမ်းဆိုတာ မရှိခဲ့ဘူး ...... ငါ သိပ်ကို နောင်တရတယ် .... ငါ တကယ် နောင်တရတယ် ....."

Desharow's MermanWhere stories live. Discover now